ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပေါ်တူဂီနောက်ခံလူ မန်ဒက်စ်က ပြောသွားပါတယ်။
မန်ဒက်စ်ဟာ ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေနဲ့ တွဲဖက်ကစားခဲ့သူဖြစ်ပြီး ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာပါ။
ဘယ်နောက်ခံလူ မန်ဒက်စ်ကတော့ သူကစားတဲ့ ဘယ်ခြမ်းမှာ အမ်ဘာပေ လာရောက်ကစားမယ်လို့ မထင်ကြောင်းနဲ့ လာရောက်ကစားမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောပါတယ်။
ပြင်သစ်အသင်းမှာ ထိပ်တန်းကစားသမားတွေရှိသလို ပေါ်တူဂီအသင်းမှာလည်း ပြင်သစ်ရဲ့ အားသာချက်တွေကို ချေဖျက်ဖို့ ထိပ်တန်းကစားသမားတွေရှိတယ်လို့ မန်ဒက်စ်က ပြောပါတယ်။ စီရော်နယ်ဒိုနဲ့ အမ်ဘာပေတို့လို ကစားသမားနှစ်ဦးနဲ့ အတူတွဲဖက်ကစားရတာက ဂုဏ်ယူစရာ ဖြစ်ပြီး နှစ်ဦးစလုံးက ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစာသမားတွေလို့ မန်ဒက်စ်က မှတ်ချက်ပေးသွားပါတယ်။