Home
အားကစား
တိုက်စစ်မှူးအမ်ဘာပေ ပြင်သစ်လိဂ် ၂ ကလပ် ကိန်းအသင်း၏ ရှယ်ယာအများစုကို ဝယ်ယူ
DVB
·
August 1, 2024
Photo -REUTERS

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ လိဂ် ၂ ကလပ် ကိန်းအသင်းရဲ့ရှယ်ယာအများစုကို ဝယ်ယူလိုက် ပါတယ်။

အမ်ဘာပေရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Interconnected Ventures (ICT) ဟာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ဆီကနေ ကိန်းအသင်းရဲ့ရှယ်ယာအများစုကို ဝယ်ယူခဲ့ပြီး ပမာဏအ သေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

သတင်းတွေအရတော့ အစုရှယ်ယာ ယူရို ၁၅ သန်း တန်ကြေးရှိ ရှယ်ယာတွေကို ဝယ်ယူခဲ့ပြီး အမ်ဘာပေဟာ အသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့သူဖြစ်လာတယ်လို့ ခန့်မှန်းသုံးသပ်ကြပါ တယ်။ 

ကိန်းအသင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ အခွင့်ရေးတခုဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကတ်ပ်တွန်က ပြောပါတယ်။

ကိန်းအသင်းဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်လိဂ် ၁ ကနေ တန်းဆင်းခဲ့ရတာပါ။ မနှစ်ကရာသီမှာတော့ လီဂူး ၂ မှာ အဆင့် ၆ နဲ့ ရာသီသိမ်းခဲ့ပြီး  တကျော့ပြန် တန်းတက်ကစားခွင့်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013