ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူးသစ် အမ်ဘာပေဟာ ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာတင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အမ်ဘာပေက “ရီးရဲလ်မက်ဒရစ်မှာ ကျနော်တို့ရဲ့ ခြေစွမ်းက အကန့်အသတ်မရှိပါဘူး။ ကျနော်ဂိုးသွင်းနိုင်ဖို့ထက် အသင်းအနိုင်ရဖို့ အရေးကြီးပါတယ်။ ရီးရဲလ်မှာ ဒီလိုကစားနိုင်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာပါ။ ဒီအသင်းမှာကစားခွင့်ရတာက ကျနော့်အတွက် လက်ဆောင်တခုပါပဲ ” လို့ပြော ပါတယ်။
အတ္တလန္တာနဲ့ကစားခဲ့တဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်အသင်းဟာ ၂ ဂိုးပြတ်အနိုင်ရလဒ်နဲ့ ၆ ကြိမ်မြောက် ချန်ပီယံအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
အဲ့ဒီပြိုင်ပွဲမှာ ၅ ကြိမ်စီ ဗိုလ်စွဲထားတဲ့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ကို ရီးရဲလ်က ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒီပွဲစဉ်မှာ အတ္တလန္တာအသင်းဘက်က အဓိကကစားသမား ၂ ဦး မပါဝင်နိုင်ဘဲ ရီးရဲလ်ကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
Photo-Reuters