Home
မြန်မာသတင်း
မလေးရှားတွင် ရေထဲ ပြုတ်ကျပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား ၁ ဦးကို ရှာဖွေနေ
DVB
·
October 24, 2024

မလေးရှားနိုင်ငံမှာ ဆိပ်ခံတံတားတခုပေါ်ကနေ မြစ်ထဲ ပြုတ်ကျ ပျောက်ဆုံးနေတဲ့ မြန်မာ  သင်္ဘောသားတဦးကို သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတယ်လို့ Malay Mail သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၂ ရက်က အသက် ၄၅ နှစ်အရွယ် မင်းဝေလင်း အမည်ရတဲ့  မြန်မာအမျိုးသားဟာ  ဆာရီကီးဆိပ်ခံတံတားမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆာရာဝပ် မီးသတ်နဲ့ ကယ်ဆယ်ရေး ဦးစီးဌာနက ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့ မနက် ၉ နာရီခွဲလောက်မှာ ဖုန်းလက်ခံရရှိပြီးနောက် ကယ်ဆယ်ရေးသမား ၆ ယောက်ကို နေရာကို ဖြန့်ကြက်ချထားခဲ့တယ်လို့ သိရပြီး လတ်တလောမှာတော့ သူ့ကို ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရတော့ အဆိုပါ သင်္ဘောဟာ ကူချင်းကနေ ဆိပ်ခံတံတားဆီ  ကုန်စည်တင်ချမှုတွေပြုလုပ်ဖို့ မနက် ၆ နာရီ ၁၂ မိနစ်မှာ ရောက်ရှိလာတာလို့ ဆိုပါတယ်။

အဲဒီနောက် ဆိပ်ခံတံတားမရောက်ခင် လုပ်ဖော်ကိုင်ဖက်တယောက် မြစ်ထဲကို ပြုတ်ကျကြောင်း သင်္ဘောသား ၂ ယောက်က ကပ္ပတိန်ကို အကြောင်းကြားခဲ့ပြီးတဲ့နောက် အသက်ကယ်ကိရိယာတွေ သုံးပြီး ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေတဲ့ အမျိုးသားကို နောက်ဆုံး မြင်တွေ့လိုက်ရတဲ့ ရေပြင်နေရာကနေ စတင်ပြီးတော့ ရှာဖွေမှုတွေ လုပ်ဆောင်နေကြပြီး ဒီလုပ်ဆောင်မှုမှာတော့ မီးသတ်ဦးစီးဌာနနဲ့ တော်ဝင်မလေးရှားရဲတပ်ဖွဲ့၊ ရေတပ်ကယ်ဆယ်ရေးအဖွဲ့နဲ့ Sarawak Rivers Board အဖွဲ့တွေလည်း အတူပူးပေါင်းပါဝင်တယ်လို့ ဆိုပါတယ်။

Source: Malay Mail

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013