Home
မြန်မာသတင်း
မလေးရှားတွင် အထောက်အထားမဲ့မြန်မာအယောက် ၂၀ ဖမ်းဆီးခံရ
DVB
·
October 22, 2024
Photo-Malay Mail

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Malay Mail သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါဟာ ကီလန်တန်ပြည်နယ်ထဲက တွမ်းပတ်မြို့မှာ အောက်တိုဘာ ၂၀ ရက်က ရဲတပ်ဖွဲ့က ကင်းလှည့်နေချိန် လူကုန်ကူးဖို့ ကြိုးစားတဲ့ သံသယဖြစ်ဖွယ် ကားတစီးကို တွေ့ခဲ့ရာကနေ လိုက်လံဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ခိုင်ရီ ရှာဖီက ပြောပါတယ်။

ကားပေါ်ပါ အထောက်အထားမဲ့ မြန်မာတွေကို မသိခင် သံသယဖြစ်ဖွယ်အဆိုပါ Proton Exora အမျိုးအစားကားကို တာဝန်ရှိသူတွေက ဥဩသံတွေ အသုံးပြု တားဆီးချိန်မှာ ရပ်မပေးခဲ့ဘဲ မီးပွိုင့်မီးနီတွေကို ဖြတ်ပြီးတော့ အရှိန်မြှင့်မောင်းနှင်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

ရဲတွေဟာ သံသယရှိသူရဲ့ ကားကိုရပ်တန့်ဖို့ ဂျလန်ပါစီပေပန်အထိ လိုက်ခဲ့ကြပေမဲ့ ယာဉ်မောင်းဟာ ကားကို ရဲကားကို ပြင်းပြင်းထန်ထန် ဘေးကန်တိုက်ခဲ့တာကြောင့် ရဲကားရှေ့နဲ့ နောက်တံခါးတွေ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကားဟာ ပိုဟွန်တန်ဂျွန်ဝါကာဖ် ဘာရူးဘက်အသွားလမ်းတနေရာဆီ မောင်းသွားခဲ့ချိန်မှာ လမ်းချော်ပြီး ယာဉ်တားတုံးကို တိုက်မိချိန်မှာ ယာဉ်မောင်းနဲ့ အကူဖြစ်သူ ၂ ယောက်က ကားပေါ်က ခုန်ချပြီး လမ်းဘေးချုံတွေထဲ ထွက်ပြေးသွားခဲ့ကြတာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း ရဲတပ်ဖွဲ့က သံသယရှိသူတွေကို လိုက်ရှာနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ရာကနေ ယာဉ်အတွင်း မြန်မာနိုင်ငံသားအယောက် ၂၀ ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးကို ဖမ်းဆီးထားပြီး နိုင်ငံတွင်း ဝင်ရောက်ခွင့် အထောက်အထားလက်မှတ် မရှိဘဲ တရားမဝင် ခိုးဝင်ဖို့ ကြိုးစားမှုနဲ့အတူ မလေးရှားလူဝင် မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး သိတဲ့ ဘယ်သူမဆို တွမ်းပတ်မြို့ ရဲတပ်ဖွဲ့ ရုံးချုပ်ကို ဆက်သွယ်သတင်းပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024