တရုတ်နဲ့ အိန္ဒိယ နယ်စပ်ပဋိပက္ခတွေကို ဖြေရှင်းဖို့ အငြင်းပွားကိစ္စရပ်တွေအတွက် ဖြေရှင်းချက်ရပြီဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက အောက်တိုဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ သံတမန်ရေးနဲ့ စစ်ရေး လမ်းကြောင်းတွေကနေ နီးနီးကပ်ကပ် ဆက်သွယ်နေခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ လင်ကျန်းက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၄ နှစ်ကြာ စစ်ရေး သောင်မတင်ရေမကျ အခြေအနေကို အဆုံးသတ်ဖို့ အငြင်းပွား ရှေ့တန်းတွေမှာ ကင်းလှည့်ရေးအတွက် တရုတ်နဲ့ အိန္ဒိယတို့ သဘောတူညီချက် ရခဲ့ပြီလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောအပြီး နောက်နေ့မှာ တရုတ်ကလည်း ခုလို မှတ်ချက်ပြုခဲ့တာပါ။
ဒါကြောင့် အာရှအင်အားကြီး ၂ နိုင်ငံကြား နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးတက်ဖို့ လမ်းကြောင်းပေါ်လာပြီလို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
Source-Reuters