Home
နိုင်ငံတကာ
အဆိပ်ရှိအမြှုပ်များ ဖုံးနေသည့် ယမုန်နာမြစ် ပျက်သုဉ်းသွားပြီဟု အိန္ဒိယ ပညာရှင်ကြေညာ
DVB
·
October 21, 2024
Photo-ANI

ရေသတ္တဝါတွေ ရှင်သန်ကျက်စားဖို့ မဖြစ်နိုင်တော့တဲ့၊ မြစ်မျက်နှာပြင်မှာ အဆိပ်ရှိ အမြှုပ်တွေ ဖုံးလွှမ်းပိတ်ဆို့နေတဲ့ အိန္ဒိယနိုင်ငံက ယမုန်နာမြစ်ဟာ လုံးဝပျက်သုဉ်းသွားပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တယောက်က ကြေညာပါတယ်။

အိန္ဒိယမြို့တော် ဒေလီရဲ့ နှလုံးအိမ်မှာ ပိတ်ဆို့နေတဲ့ ဟိန္ဒူဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ မြစ်ဖြစ်တဲ့ ယမုန်နာမြစ်ရဲ့ မျက်နှာပြင်ပါ အဖြူရောင်အမြှုပ်တွေ လွှမ်းနေတဲ့ ပုံရိပ်တွေကို အောက်တိုဘာ ၂၀ ရက်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ယမုန်နာမြစ်ဟာ မိုးအမှန်တကယ်ရွာတဲ့ လတွေကလွဲရင် တနှစ်ပတ်လုံး မည်းနက်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဗင်မ်လန်ဒူဂျားက ပြောပါတယ်။

စက်မှုလုပ်ငန်း စွန့်ပစ်အညစ်အကြေးတွေ၊ မြူနီစီပါယ် အမှိုက်တွေကို မသန့်စင်ဘဲ မြစ်ထဲကို ဒီအတိုင်း ပစ်ချတာကြောင့် မြစ်မှာ အမြှုပ်တွေထလာရတာလို့ ယမုန်နာမြစ် ထိန်းသိမ်းရေးအဖွဲ့ Swechha India ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ ဂျားက ပြောပါတယ်။

မြစ်ထဲကို အမှိုက်သရိုက်တွေ စွန့်ပစ်တဲ့ မြို့ရဲ့ ရေစီးရေလာစနစ်ကြောင့် အခုလို စိုးရိမ်စရာ အဆင့်အထိ ညစ်ညမ်းလာရတာလို့ ဆိုပါတယ်။

မြစ်ထဲကနေ အခိုးအငွေ့တွေ၊ မီသိန်းဓာတ်ငွေ့တွေ ထွက်လာတဲ့အခါမျိုးတွေပါ ရှိနေပြီး ရေနေသတ္တဝါတွေ မရှင်သန်နိုင်တော့တဲ့ ဒီမြစ်ဟာ လုံးဝပျက်သွားပြီဖြစ်ပြီး ကလိုရိုဖောင်း လယ်ဗယ်လည်း အရမ်းမြင့်မားနေတယ်လို့ ဆိုပါတယ်။

ညစ်ညမ်းမှုနဲ့ ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ရတဲ့ ယမုန်နာမြစ်ရဲ့ ပြဿနာဟာ အိန္ဒိယရဲ့ သဘာဝပတ်ဝန်းကျင် အကျပ်အတည်းကို ဖော်ပြနေပြီး ဒီပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေး စိတ်ဆန္ဒ မရှိတာကလည်း အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။ ဒီမြစ်ရေကို မှီတည်နေရတဲ့ လူသန်းပေါင်းများစွာအတွက်ပါ အခက်ကြုံလာရပြီ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013