ဂျာမန်ကလပ် လီဗာကူဆင်အသင်းဟာ နည်းပြအလွန်ဆိုကို ရာသီကုန်ဆုံးချိန်မှာ ထွက်ခွါခွင့်ပေး တော့မယ်လို့ သိရပါတယ်။
အလွန်ဆိုဟာ မနှစ်ကရာသီမှာ ဂျာမန်ဘွန်ဒက်လီဂါချန်ပီယံဆုကိုရူံးပွဲမရှိ ရလဒ်နဲ့ ရယူနိုင်ခဲ့သလို ပိုကယ်ဖလားကိုလည်း ရယူပေးခဲ့တာပါ။
မနှစ်ကရာသီအပြီးမှာ အလွန်ဆိုကို ခေါ်ယူဖို့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်အသင်းတွေက ကြိုးပမ်းခဲ့ပေမဲ့ အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
အလွန်ဆိုနဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိကျန်ရှိ နေသေးပေမဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအကုန်မှာ ထွက်ခွါခွင့်ပြုတော့မယ်လို့ စကိုင်းဂျာမနီသတင်း မှာဖော်ပြပါတယ်။
အလွန်ဆိုကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ရီးရဲလ်နဲ့ လီဗာပူးအသင်းတွေအပြင် မန်စီးတီးအသင်းကလည်း နည်းပြဂွါဒီယိုလာအလွန်မှာ အလွန်ဆိုနဲ့ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။
Photo-Reuters