နည်းပြအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ဖြစ်လာဖို့ နီးစပ်လာကြောင်း ဂျာမန်သတင်းစာ BILD က ဖော်ပြသွားပါတယ်။
လီဗာကူဆင်နည်းပြဟာ မနှစ်ရာသီကတည်းက မက်ဒရစ်ရဲ့ကမ်းလှမ်းချက်ရ ရှိခဲ့ပေမဲ့ ပယ်ချခဲ့တာပါ။
အခုနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သေးပေမဲ့ လာမယ့်ရာသီလောက်က စတင်ပြီး မက်ဒရစ်နည်းပြဖြစ်လာဖို့ နီးစပ်လာကြောင်း ဂျာမန်သတင်းတွေမှာ ဖော်ပြပါတယ်။
မက်ဒရစ်အသင်းကို နည်းပြ အန်စလော့တီက အောင်မြင်မှုရရှိအောင် စွမ်းဆောင်ထားပေမဲ့ အသက်အရွယ် ရလာတဲ့အတွက် လူငယ်နည်းပြ အလွန်ဆိုကို တာဝန်ပေးဖို့ ရီးရဲလ်အသင်းက ဆန္ဒရှိနေတာပါ။
လီဗာပူး၊ ဘိုင်ယန်မြူးနစ်နဲ့ မက်ဒရစ်ကွင်းလူဟောင်း ဇာဗီအလွန်ဆိုဟာ မနှစ်က ရာသီက လီဗာကူဆင်ကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရှုံးပွဲမရှိရလဒ်နဲ့ ရယူပေးနိုင်ခဲ့ပါတယ်။