ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် တစုံတရာမှတ်ချက်မပေးလိုကြောင်း မန်စီးတီးကွင်းလယ်လူရိုဒရီက ပြောပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး စပိန်အသင်းမှာလည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူပါ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးအသင်း အမှုရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ စောင့်ကြည့်နေပြီး လာမယ့်နွေရာသီမှာ ရိုဒရီကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် မှတ်ချက်မပေးလိုကြောင်း၊ မန်စီးတီးနဲ့ ၃ နှစ် စာချုပ် သက်တမ်းကျန်ရှိ နေသေးတဲ့အတွက် စီးတီးအတွက်ပဲ အာရုံစိုက်ထားကြောင်း ရိုဒရီက ပြောပါတယ်။
ကွင်းလယ်ကစားသမားဟာ ၂၀၁၈-၂၀၁၉ ရာသီက မက်ဒရစ်အခြေစိုက်ကလပ် အက်လက်တီကို မှာ တရာသီကြာကစားခဲ့ ဖူးပါတယ်။
Photo-Reuters