Home
အားကစား
အပြောင်းအရွှေ့တွင် နည်းပြကြီးဖာဂူဆန်၏ အကြီးမားဆုံးအမှားကို နဗီးလ် ထုတ်ဖော်ပြော
DVB
·
August 29, 2024
Photo Crd-Daily News

ကစားသမားအပြောင်းအရွှေ့လုပ်ဆောင်ရာမှာ မန်ချက်စတာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အကြီးအမားဆုံး အမှားတခုကို  နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောဆို သွားပါတယ်။

ဖာဂူဆန်ဟာ မန်ယူ အသင်းကို ၂၆ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ကာလတွင်းမှာ စီရော်နယ်ဒို၊ ဝိန်းရွန်းနီ၊ ဖာဒီနန်၊ ရွိုင်ကိန်း အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး အကောင်းဆုံး ခြေစွမ်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ သူပါ။

ဒါပေမဲ့ အပြောင်းအရွှေ့မှာ လွဲချော်မှုတွေလည်းရှိပြီး ၂၀၀၁ ခုနှစ်မှာ နောက်ခံလူ ဂျက်စတမ်းကို လာဇီယိုအသင်းဆီ ရောင်းချမိခဲ့တာက အကြီးမားဆုံးအမှားဖြစ်တယ်လို့ နဗီးလ်က ပြောပါတယ်။

အဲဒီအချိန်တုန်းက ဂျက်စတမ်းကို ဘယ်ကစားသမားကမှ ကျော်ဖြတ်နိုင်စွမ်းမရှိဘဲ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တဦးဖြစ်ခဲ့တယ်လို့ ဂျက်စတမ်းနဲ့ သုံးနှစ်ကြာတွဲဖက်ကစားခဲ့သူ နဗီးလ်က ပြောပါတယ်။

ဂျက်စတမ်းကို ရောင်းထုတ်ခဲ့မှုဟာ အပြောင်းအရွှေ့မှာ အကြီးအမားဆုံးအမှားဖြစ်ကြောင်းလည်း နည်းပြ ဖာဂူဆန်က ထုတ်ဖော်ဝန်ခံခဲ့ကြောင်း နဗီးလ်က ပြောသွားပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013