Home
အားကစား
ဟွိုက်လန်းဟာ အဂွဲရိုးနှင့် ဟာလန်းတို့လို တိုက်စစ်မှူးဖြစ်မလာနိုင်ဟု နဗီးလ် သုံးသပ်
DVB
·
May 16, 2024
Hojunld_16052024

မန်ယူတိုက်စစ်မှူး ဟွိုက်လန်းဟာ အဂွဲရိုးနဲ့ ဟာလန်းတို့လို တိုက်စစ်မှူးဖြစ်မလာနိုင်ကြောင်း  ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်သွားပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်တိုက်စစ်မှူးဟာ မနှစ်က နွေရာသီကမှ အီတလီကလပ် အက်တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

နောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲမှာ တဂိုးသာသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဟွိုက်လန်းဟာ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးနဲ့ လက်ရှိမန်စီးတီး တိုက်စစ်မှူး ဟာလန်းတို့လို အဆင့်အတန်းမျိုး ဖြစ်မလာနိုင်ကြောင်း နဗီးလ်ကသုံးသပ်ခဲ့တာပါ။

ဟွိုက်လန်းအနေနဲ့ အဂွဲရိုး၊ ဟာလန်းတို့လို ဖြစ်မလာနိုင်ပေမဲ့ ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်လိုတော့ ဖြစ်လာနိုင်ပြီး တရာသီအတွင်း သွင်းဂိုး ၂၀ လောက် သွင်းယူနိုင်လိမ့်မယ်လို့ နဗီးလ်က ပြောပါတယ်။

မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို မခေါ်ယူနိုင်ခဲ့တာကြောင့် ဒုတိယဦးစားပေးအဖြစ် ဟွိုက်လန်းကို ခေါ်ယူခဲ့ရတာဖြစ်ကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောခဲ့ဖူးပါတယ်။ 

ဟွိုက်လန်းဟာ မနေ့ညက နယူးကာဆယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူအသင်းအတွင်း ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

Source/Photo -  REUTERS/Molly Darlington

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024