ရန်ကုန်မှာ ခုရက်ပိုင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေလို့ မြို့နယ်တချို့မှာ ရေကြီးပြီး လူနေအိမ်တွေထဲ ရေတွေဝင်ကာ ဈေးတွေလည်း ပိတ်ထားရပါတယ်။
ငမိုးရိပ်ချောင်းကမ်းဘေး၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) စတဲ့မြိုနယ်တွေမှာ မနေ့ညက ညလုံးပေါက်မိုးရွာသွန်းပြီးတဲ့နောက် ဒီမနက် ချောင်းဒီရေတက်ချိန်မှာ ချောင်းရေထောက်ပြီး ရေမဆင်းနိုင်တာကြောင့် မြို့နယ်အတွင်း ရေကြီးရေလျှံခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမယ့် လေပွေလှိုင်းတွေကြောင့် ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းကတည်း စတင်ရွာသွန်းခဲ့တဲ့မိုးဟာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်အထိ သည်းသည်းထန်ထန် ဆက်လက်ရွာသွန်းနေဆဲ ဖြစ်ပါတယ်။