Home
မြန်မာသတင်း
တပ်ရင်းစခန်း စားဖိုဆောင်များတွင် တာဝန်ကျနေသည့် အရာရှိများကို ရှေ့တန်းပို့ရန် အမိန့်ထုတ်
DVB
·
October 20, 2024

ခြေလျင်၊ ခြေမြန်တပ်ရင်းများရှိ စားဖိုဆောင်တွေမှာ တာဝန်ယူထားတဲ့ အရာရှိတွေကို ရှေ့တန်းပို့ဖို့ နေပြည်တော်က အမိန့်ထုတ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ရေးလိုအပ်ချက်အရ ရှေ့တန်းပို့ဆောင်ရာမှာ တပ်စု၊ တပ်ခွဲတွေကို ဦးစီးနိုင်ဖို့ ရှေ့တန်းကို ပို့ဆောင်တာလို့ ခြေမြန်တပ်ရင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တချို့ဗိုလ်ကြီးတွေက သေမှာကြောက်လို့ ရှေ့တန်းမလိုက်ဘဲ ဖိုကြီးမှာ ချက်ကြီးဘဝနဲ့ နောက်တန်းမှာနေပြီး ရှေ့တန်းစစ်သည်တွေရဲ့ လစာထုတ်စားတယ်။ တချို့ကလည်း တပ်ရင်းမှူး၊ ဗျူဟာမှူးနဲ့ ပိုင်တော့ ရှေ့တန်းမထွက်ဘူး၊ အခုအမိန့်က အကုန်ထွက်ရမှာ။” 

ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်အတွက် စစ်ကူပို့ရာမှာ ပို့သလောက် သေနေပြီး ဘယ်သူမှ ရှေ့တန်းမထွက်ချင်လို့ အရာရှိအများစုက စားဖိုဆောင်မှာ တာဝန်ယူနေသူတွေ ရှိကြောင်း တပ်မ ၅၅ နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တပ်မ ၅၅ မှာ ရှေ့တန်းဆိုတဲ့ အသံတောင် ဘယ်သူမှ မကြားချင်တော့ဘူး။ တပ်ရင်းအလိုက် စစ်ကူသွားလိုက်လို့ သွားတဲ့တပ်ရင်းမှူး ပြန်လာရင် ပါမလာဘူး။ အဲဒါကြောင့် ထမင်းချက် တာဝန်ပဲ ယူကြတာ။”

စစ်ရေးမှာ ရှုံးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က အခုနှစ်မှာ တိုင်းစစ်ဌာနချုပ် ၈ ခုနဲ့ လေတပ်စခန်းဌာနချုပ်အချို့ကို  တန်းပြည့်စစ်မှုထမ်းဆောင်ဖို့ ထုတ်ပြန်ထားပါတယ်။ 

ဒီလို စစ်ကောင်စီဘက်က စစ်အင်အားတိုးမြှင့်တိုက်ခိုက်နေပေမဲ့ လက်ရှိအခြေအနေအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေက မြို့ပေါင်း ၇၀ နီပါး သိမ်းပိုက်ထားပါတယ်။

စစ်ရေးမှာ ရှုံးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က အခုနှစ်မှာ တိုင်းစစ်ဌာနချုပ် ၈ ခုနဲ့ လေတပ်စခန်းဌာနချုပ်အချို့ကို  တန်းပြည့်စစ်မှုထမ်းဆောင်ဖို့ မတ် ၃ ရက်နဲ့ စက်တင်ဘာ ၂ ရက်မှာ ညွှန်ကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013