Home
မြန်မာသတင်း
ဘုတလင်ဒေသခံ ၄၀ ကျော်ကို ဓားစာခံအဖြစ် စစ်တပ်ကဖမ်းဆီး
DVB
·
October 19, 2024

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတကြောင်းလုံး ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်ဘက်ကို တကြော့ပြန်၀င်ရောက်လာပြီး ဒေသခံ ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။

ဘုတလင်မြို့နယ်ကို အောက်တိုဘာ ၉ ရက်ကစပြီး တကြော့ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ သပြေပင်၊ ရွာသစ်၊ ယုန်လှေးကုန်း၊ မြောက်ကျီကျေးရွာတွေကနေ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

အဖမ်းခံထားရတဲ့သူတွေထဲမှာ အများစုက အမျိုးသမီးငယ်တွေဖြစ်ပြီး ကနဦး ဖမ်းဆီးထားတဲ့ အယောက် ၆၀ ကနေ တချို့ ထွက်ပြေးလွတ်မြောက်လာတာကြောင့် အယောက် ၄၀ ကျော် ကျန်နေသေးပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ရှိနေတယ်လို့ စစ်ရေးသတင်းမြစ်တွေကနေ သိရပါတယ်။

ဘုတလင်မြို့နယ်ကို ထပ်မံဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်က ၇ နှစ်အရွယ် ကလေးအပါအ၀င် ပြည်သူ ၆ ယောက်နဲ့ ၁၃ ရက်မှာ ဒေသခံ ၈ ယောက် သတ်ခဲ့တဲ့အတွက် စုစုပေါင်း ၁၄ ယောက်ထိ ရှိနေပြီလို့ ဒေသခံကာကွယ်ရေးတပ်တွေက အတည်ပြုပါတယ်။

စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဘုတလင်မြို့နယ်မှာ ဒေသတွင်း PDF တွေက ပူးပေါင်းတိုက်ခိုက်တာကြောင့် အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံး ဆုံးရှုံးခဲ့တာပါ။ 

တိုက်ပွဲချိန် ၃ နာရီဝန်းကျင်ကြာခဲ့တဲ့ ဘုတလင်နယ် ကျွဲသေချောင်းနဲ့ စီပါရွာအနီးတိုက်ပွဲမှာ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၄၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013