အယ်လ်ဆာဗေဒို သမ္မတ နာယစ်ဘ် ဘူခေလေအစိုးရက ၂၀၂၅ ခုနှစ်အတွက် ဘတ်ဂျက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆေးဘက်ဆိုင်ရာနဲ့ ပညာရေးကဏ္ဍက ရာချီတဲ့လူတွေဟာ အောက်တိုဘာ ၁၉ ရက်မှာ မြို့တော် ဆန်ဆာဗေးဒေါရဲ့ လမ်းတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ် ကျန်းမာရေးနဲ့ ပညာရေးဘတ်ဂျက်ကို ဖြတ်တောက်မှုတွေထဲမှာ အဲ့စ်ကာလာဖွန်လို့ ခေါ်တဲ့ လစာမက်လုံးပေးချေမှု ရပ်တာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့လာတာတွေလည်း ပါပါတယ်။
အစိုးရက ပြည်သူ့ဘဏ္ဍာငွေကို တခြားအစိုးရပရောဂျက်တွေကို ခွဲဝေပေးပြီး ကျန်းမာရေးနဲ့ ပညာရေးလို ကဏ္ဍတွေကို လျစ်လျူရှုတာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်ခဲ့ကြတာပါ။
အစိုးရရဲ့ ဝါဒဖြန့်မှုနဲ့ ရဲလုပ်ငန်းတွေမှာ ဘတ်ဂျက်လျှော့သုံးပြီး ပြည်သူ့ဝန်ဆောင်မှုတွေအတွက် ဘတ်ဂျက်ပိုပေးဖို့ ဆန္ဒပြသူတွေက အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဗဟိုအမေရိကနိုင်ငံအတွင်း လူဆိုးဂိုဏ်းတွေကို အကြမ်းဖက်နှိမ်နင်းဖို့ အစိုးရရဲ့ တင်းမာတဲ့ သဘောထားကြောင့် လူသိများတဲ့ ဘူခေလေဟာ ရာဇ၀တ်မှုလျှော့ချရာမှာ အသိအမှတ်ပြုခံရ ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာကို ခံနေရပါတယ်။
Source-Reuters