Home
မြန်မာသတင်း
၂ လဝန်းကျင်အတွင်း ဒေါ်လာဈေး ၂၅၀၀ ကျော် ကျဆင်းခဲ့
DVB
·
October 18, 2024
bank_18102024

ပြီးခဲ့တဲ့လတွေကတည်းက တရိပ်ရိပ်ကျဆင်းနေတဲ့ ဒေါ်လာစျေးဟာ အခုအခါမှာ တ‌ဒေါ်လာကို ကျပ် ၄၃၂၀-၄၄၂၀ အထိ ထပ်မံကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်မှာ ဒေါ်လာဈေးဟာ ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့တာကြောင့် ၂ လဝန်းကျင်အတွင်းမှာ ဒေါ်လာဈေးဟာ တဒေါ်လာကို ၂၅၀၀ ဝန်းကျင်နှုန်း ကျဆင်းခဲ့တာပါ။

ပြည်တွင်း အခေါက်ရွှေဈေးကလည်း ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက ကျပ် ၈၅ သိန်းထိ ရောက်ခဲ့ပေမဲ့ အခု အောက်တိုဘာလလယ်ပိုင်းမှာတော့ ၆၂ သိန်းခွဲဝန်းကျင်ထိ ပြန်ကျ‌နေပါတယ်။

ဒေါ်လာနဲ့ ရွှေဈေးတွေ သိသိသာသာ ပြန်ကျလာပေမဲ့ ပြည်တွင်းမှာ ကုန်ပစ္စည်းဈေးနှုန်း အများစု ပြန်ကျဆင်းခြင်းမရှိတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက ရေကြီးမှု နောက်ဆက်တွဲ အ‌နေနဲ့ စိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာကြောင့် ဈေးပိုမြင့်တက်လာတယ်လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ ပြန်ကျစေချင်ပြီ။ လူ‌တွေလည်း ချွတ်ခြုံကျနေကြပြီလေ။ ဈေးတွေက ပြန်မကျတဲ့အပြင် တချို့ပစ္စည်းတွေက ပိုတောင်တက်လာသေးတယ်။ အသီးအရွက်ကအစ ပြန်မဆင်းဘူး။” 

ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ ဆက်တိုက် ပြန်ကျဆင်းလာနေပေမဲ့ မတည်ငြိမ်သေးတဲ့ တိုင်းပြည် အခြေအနေအရ ရေရှည်အကျဘက်ကို မသွားနိုင်ဘူးလို့ ဈေးကွက်စောင့်ကြည့်သူတွေ က သုံးသပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024