စစ်ကောင်စီ ဗဟိုဘဏ်ဟာ သီတင်းကျွတ် ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာ ၁၅ ရက်မှာ အမေရိကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ထိုင်းဘတ်ငွေ ၁၉၉ ဒသမ ၉ သန်း ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။
ဒေါ်လာကိုတော့ တဒေါ်လာ ကျပ် ၃,၅၅၄၊ ဘတ်ငွေကိုတော့ တဘတ်ကို ၁၁၅ ဒသမ ၉ ဘတ်နှုန်းနဲ့ အွန်လိုင်းပလက်ဖောင်းကတဆင့် ထုတ်ရောင်းခဲ့တာပါ။
လက်ရှိ ပြင်ပမှာတော့ တဒေါ်လာ ၄,၃၅၀-၄,၄၅၀ ကျပ်၊ တဘတ်ကို ၁၂၉-၁၃၂ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ တဒေါ်လာ ၇,၀၀၀ ကျပ်၊ တဘတ်ကို ၂၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဒေါ်လာနဲ့ ဘတ်ကို သန်းရာချီ ထုတ်ရောင်းခဲ့သလို တရုတ်ယွမ်ငွေကိုလည်း သန်းပေါင်းများစွာ ထုတ်ရောင်းခဲ့ပါတယ်။
ဒီနောက် ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်မှာ ဒေါ်လာ၊ ဘတ်နဲ့ ယွမ်ဈေးတွေ ကျဆင်းလာခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေဈေး မြင့်တက်ခဲ့စဉ်က ခုန်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေ အများစုကတော့ ပြန်မကျသေးဘဲ အမြင့်ဈေးမှာပဲ ဆက်ရှိနေပါသေးတယ်။