Home
မြန်မာသတင်း
ပြည်သူ့စစ်အဖွဲ့များသည့် ချမ်းအေးသာစံမြို့တွင် ဓားပြတိုက်မှုဖြစ်
DVB
·
October 17, 2024
Robber_17102024

ပြည်သူ့စစ်အဖွဲ့တွေများတဲ့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် နေ့လယ်က ကိုလေးကားပစွည်းဆိုင်ကို အမည်မသိအမျိုးသား ၃ ယောက်က ဓားပြတိုက်ပြီး ရွှေ ၄ ကျပ်သားနဲ့ ငွေ ၃ သိန်းယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံအရှေ့ရပ်ကွက် ၂၈ လမ်း၊ ၈၁၈၂ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့  "ကိုလေး" ကားပစ္စည်းဆိုင်ကို ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က Mask တပ်ထားတဲ့ အမျိုးသား ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မုန့်ဟင်းခါးလာပို့တယ်ဆိုပြီး ချိုင့်လှယ်ပေးနေတဲ့အချိန် အနောက်ကနေ ဓားနဲ့ထောက်ပြီး မိသားစု ၃ ယောက်ကို ကြိုးနဲ့တုပ် ပါးစပ်ကိုတိပ်နဲ့ပိတ်ပြီး လုသွားတာ။  ရွှေ ၄ ကျပ်သားနဲ့ ငွေ ၃ သိန်းပါသွားတယ်။ ဆိုင်ရှင်မိန်းမ ဓားဒဏ်ရာရပြီး မန္တလေးဆေးရုံကြီးကို ပို့လိုက်ရတယ်။ ဓားပြတိုက်တဲ့သူတွေက လည်ကတုံးအင်္ကျီတွေနဲ့။”

လပခတိုင်းစစ်ဌာနချုပ်က ထောင်ထွက်၊ သူခိုးတွေကို သတင်းပေးအဖြစ်မွေးကာ ပြည်သူ့စစ်အဖွဲ့ထဲ ထည့်ကာ သင်တန်းပေးနေတာကြောင့် အခုလို ပြစ်မှုတွေဖြစ်လာတာလို့  မြို့ခံတယောက်က သုံးသပ်ပါတယ်။

“ခိုး၊ ဆိုး၊ ခါးတွေကို ပြည်သူ့စစ်ထဲထည့်ပြီး သင်တန်းပေး၊ သင်တန်းဆင်းတော့ ကိုယ့်ဘာသာရှာစားခိုင်းတဲ့ နောက်ဆက်တွဲပြဿနာ။ မန်းမှာ လုယက်မှု၊ ဆေးမှုဖမ်းမိလိုက်ရင် ပြည်သူ့စစ်တွေချည်းပဲ။” 

ပြည်ကြီးတံခွန်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာ နေအိမ်တအိမ်က အိမ်စီးကားနဲ့ iPh One လုယူခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို  ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ဒီလိုလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေဖြစ်နေတဲ့ကြားက အောက်တိုဘာ ၁၂ ရက်က လပခတိုင်း စစ်ဌာနချုပ် ၁၂၁ ထောက်ပို့တပ်ထဲမှာ ပြည်သူ့စစ်သင်တန်းအပတ်စဥ် ၁၁/၂၀၂၄ ကို သင်တန်းဆင်းပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013