ပါကစ္စတန်တောင်ပိုင်း ရာဟင်းမ် ယာခန်ခရိုင်မှာ သေနတ်တွေ၊ ပုခုံးတင်ပစ် ဒုံးလက်နက် အာရ်ပီဂျီတွေ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်ဓားပြတွေဟာ သြဂုတ် ၂၂ ရက်က ပါကစ္စတန် ရဲယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲအရာရှိ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပန်ဂျပ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဓားပြတွေဟာ ပြည်နယ် ၂ ခုကြား နယ်စပ်အနီး ကင်းလှည့် ရဲ ၂ ဦးကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ၀န်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖှ်တို့က တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တရားခံတွေကို လိုက်လံဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေကို အမြန် အရေးယူ ဆောင်ရွက်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။
ပါကစ္စတန်ရဲ့နယ်စပ်ဒေသဟာ နိုင်ငံသားတွေ သွားလာခွင့်မရှိတဲ့ ဒေသဖြစ်ပြီး ဂိုဏ်းအများအပြား က ဘေးကင်းရာအဖြစ် အသုံးပြုကြပါတယ်။
ရဲတပ်ဖွဲ့နဲ့ တခြားဥပဒေစိုးမိုးရေး အေဂျင်စီတွေဟာ ဒီဧရိယာတွေမှာ နယ်မြေထိန်းချုပ်မှု များများစားစား မလုပ်နိုင်ပါဘူး။
Photo-Reuters