တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD က ပါကစ္စတန်မှာ ကားထုတ်လုပ်ရေးစက်ရုံတရုံ တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး Mega Motors နဲ့ ပူးပေါင်းပြီး ကားမိုဒယ် ၃ မျိုး စတင်ရောင်းချသွားမယ်လို့ ထုတ်ပြန်ပါတယ်။
အားသွင်းတဲ့ အခြေခံအဆောက်အအုံ ကင်းမဲ့နေသေးတဲ့ ပါကစ္စတန်စျေးကွက်မှာ BYD ဟာ ပထမဆုံး ဝင်ရောက်လာတဲ့ လျှပ်စစ်ကားကုမ္ပဏီကြီး ဖြစ်ပါတယ်။
BYD ဟာ ကရာချိ၊ လာဟိုးရ်နဲ့ အစ္စလာမ္မာဘတ်တို့မှာ ကားအရောင်းပြခန်းတွေနဲ့ စမ်းသပ်မောင်းနှင်နိုင်တဲ့ စင်တာတွေပါ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
၂၀၂၄ တတိယသုံးလပတ် (အောက်တိုဘာ-ဒီဇင်ဘာ) ကစလို့ SUV မိုဒယ် ၂ မျိုးနဲ့ ဆီဒင် မိုဒယ်တမျိုး ရောင်းပေးသွားမယ်လို့ ကြေညာထားပါတယ်။
BYD နဲ့ ပူးပေါင်းဆောင်ရွက်မယ့် Mega Motors ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ Hubco ရဲ့ လုပ်ငန်းခွဲဖြစ်ပါတယ်။ စက်ရုံသစ်ကတော့ ၂၀၂၆ မှာမှ လုပ်ငန်းစလည်နိုင်မှာ ဖြစ်ပါတယ်။
Hubco ကုမ္ပဏီက အဓိကမြို့ကြီးတွေ၊ အမြန်လမ်းတွေမှာ အားသွင်းစခန်းတွေ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
Source-Reuters