Home
နိုင်ငံတကာ
တရုတ်၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ပြေးဆွဲမည်
DVB
·
August 18, 2024
Photo - Reuters

တရုတ်နိုင်ငံရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်းကို မကြာမီ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

ဒီရထားစက်ခေါင်းဟာ ၂၄၀၀ ကီလိုဝပ် အများဆုံးထုတ်လုပ်ပြီး ကုန်တန်ချိန် ၁၀၀၀၀ သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်းကို CRRC ဇူဇူးရထားကုမ္ပဏီနဲ့ တရုတ်စွမ်းအင်အဖွဲ့တို့က ဟိုက်ဒရိုချင်လောင်စာတွေနဲ့ လစ်သူရေနီယံစွမ်းအင် အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

“ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ရထားစက်ခေါင်းဟာ စွမ်းအင်အတွက် ထိရောက်မှုရှိမှာဖြစ်သလို ပတ်ဝန်းကျင် စိမ်းလန်းရေးအတွက်လည်း အထောက်အကူပြုမှာပါ။ ဒါ့အပြင် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေလည်း ရှိပါတယ်။ ရထားဒီဇိုင်းက ၁ နာရီကို ကီလိုမီတာ ၁၀၀ အထိ သွားနိုင်မှာဖြစ်ပြီး အလေးချိန်အများဆုံး တန် ၁၀၀၀၀ တင်ဆောင်နိုင်မှာဖြစ်ပါတယ်”လို့ ရထားစက်ရုံရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဒီရထားစက်ခေါင်းနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

စမ်းသပ်မှုတွေထဲမှာ အပူချိန်အမြင့်ဆုံး အခြေအနေနဲ့ အနိမ့်ဆုံး အခြေအနေမှာရှိတဲ့ စွမ်းဆောင်ရည်တွေကိုပါ စစ်ဆေးခဲ့ကြပြီး စွမ်းအင်ထုတ်လုပ်မှု၊ အကြမ်းခံမှုနဲ့ စွမ်းဆောင်ရည် မြင့်မားမှုတို့ကိုပါ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒီရထားဟာ ၁၂ နာရီ ဆက်တိုက် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ကီလိုမီတာ ၈၀၀ အကွာကို အရှိန်နှုန်းမှန်မှန်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ရထားတစင်းဟာ ၁ နှစ်ကို လောင်စာဆီ ၁၆၄ တန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု ၅၀၈ တန် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားတွေအတွက် ဟိုက်ဒရိုဂျင်ဘူတာ ထားရှိမှာ ဖြစ်ပြီး မိနစ် ၃၀ အတွင်း စွမ်းအင်အပြည့် ပြန်လည်ဖြည့်တင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013