လက်ဘနွန်နိုင်ငံ ကေဖာကီလာဒေသက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ရဲ့ နေရာတခုကို အစ္စရေးတပ်ဖွဲ့တွေက တင့်ကားနဲ့ ထပ်မံပစ်ခတ်လို့ ကင်မရာ ၂ လုံးနဲ့ ကင်းမျှော်စင်တခု ပျက်စီးသွားတယ်လို့ UNIFIL က ပြောတဲ့အကြောင်း အယ်လ်ဂျာဇီးယားနဲ့ ရိုက်တာသတင်းဌာနက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။
လက်ဘနွန်တောင်ပိုင်း နာဘာတီယာဒေသကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသန္တရ အစိုးရအဆောက်အအုံကို ထိမှန်ခဲ့လို့ မြို့တော်ဝန် အပါအဝင် လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန်က လက်ဘနွန်မြို့တော် ဘေရွတ်ကို တိုက်ခိုက်တာကို ဆန့်ကျင်ကြောင်း ပြောအပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးက ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေကို လေကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်ကို ဆန့်ကျင်တယ်လို့ လက်ဘနွန်ဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်က အစ္စရေးကို ဟန့်တားမယ်ဆိုတဲ့ အာမခံချက် ရရှိထားတယ်လို့လည်း သူက ပြောပါတယ်။
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းက UNIFIL ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေကို သူတို့ဘေးကင်းရေးအတွက် တိုက်ပွဲဇုန်ကနေ ရွှေ့ဖို့ ကုလသမဂ္ဂကို အရင်က တောင်းဆိုထားပါတယ်။
အစ္စရေးတပ်တွေက ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ရှိပေမဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်တာကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတယ်လို့ UNIFIL က ပြောခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံထဲမှာ သေဆုံးသူဦးရေဟာ ၂,၃၅၀ အထိ ရှိနေပြီလို့ လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဟာ လက်ဘနွန်ရှိ အရပ်သားအဆောက်အဦတွေမှာ ပုန်းအောင်းနေတဲ့ ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထားပိုင်ခွင့် ရှိပေမဲ့ အရပ်သား အခြေခံအဆောက်အအုံတွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာကလည်း အရပ်ဘက်အိမ်တွေအောက်ကနေ စစ်ဆင်ရေးလုပ်နေတာကို နားလည်ထားပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အရပ်သားနေအိမ်တွေမှာ ထိန်းသိမ်းထားတဲ့ ဒုံးကျည်တွေနဲ့ တခြားစစ်တပ်လက်နက်တွေ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ကို တွေ့ခဲ့ရပါတယ် လို့လည်း မက်သယူး မစ်လာက ဆိုပါတယ်။
လက်ဘနွန်တောင်ပိုင်း နဘာတီယေးမြို့မှာ မြို့တော်ဝန် အပါအဝင် လူ ၁၆ ယောက် သေဆုံးခဲ့ပြီး မြူနီစီပယ်ဌာနချုပ်ကို ဖျက်ဆီးခဲ့တဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာမှာတော့ မစ်လာက ပစ်မှတ်တိကျတဲ့ တိုက်ခိုက်မှုအပေါ် မှတ်ချက်မပေးနိုင်ပေမဲ့ “အရပ်ဘက် အဆောက်အဦတွေ ပျက်စီးတာကို မမြင်ချင်ပါဘူး” လို့ ပြောသွားပါတယ်။
နဘာတီယေးမြို့မှာ မြူနီစီပယ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက်မှာ စည်ပင်ရုံးချုပ် အဆောက်အဦတခုလုံး ပြိုကျသွားခဲ့ပါတယ်။
လက်ဘနွန် အိမ်စောင့်ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီက ပြည်နယ်မြို့တော် တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး မြို့တော်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ကယ်ဆယ်ရေး အခြေအနေတွေကို ဆွေးနွေးကြတဲ့ စည်ပင်သာယာရေးကောင်စီ အစည်းအဝေးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးက လူထောင်သောင်းချီရှိတဲ့ နဘာတီယေးမြို့ကို ရွှေ့ပြောင်းဖို့ သတိပေးချက်ကို အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ မြို့တော်ဝန် အာမဒ် ကာဟီးလ်က မြို့ကနေ ထွက်ခွာဖို့ မရှိကြောင်း ရိုက်တာရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ နဘာတီယေးဒေသရှိ ဒါဇင်နဲ့ချီတဲ့ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး မြေအောက်ရှိ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးခဲ့ကြောင်းနဲ့ အစ္စရေးရေတပ်ကလည်း မြေပြင်တပ်တွေနဲ့ ပူးပေါင်းပြီး လက်ဘနွန်တောင်ပိုင်းရှိ ဒါဇင်နဲ့ချီတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံနဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတဲ့ ဒေသတွင်း ပဋိပက္ခ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာတာကို ဖြေရှင်းရမယ့် နည်းလမ်းတွေဟာ ဂါဇာရှိ မူလအကျပ်အတည်းကို ဖြေရှင်းမှုအပေါ် မူတည်နေတယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ ဘာဆမ် နာအီးမ်က ရိုက်တာသတင်းဌာနကို အောက်တိုဘာ ၁၆ ရက်က အစ္စတန်ဘူလ်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ မူလပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ မပြီးဆုံးနိုင်ဘူးလို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးမှာ ဟားမတ်စ်တွေဘက်က ပေါင်းစည်းပြီး အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာဟာ မကြာသေးခင်ကပဲ ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း စတင်ပြောဆိုနေလာပေမဲ့ ဟားမတ်စ်အရာရှိ နာအီးမ် ကတော့ ပိုပြီး ကျယ်ပြန့်တဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလို့ ဆိုပါတယ်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး ရထားတယ် ဆိုရင်တောင် ဒေသတွင်း တည်ငြိမ်မှု ရှိလာမှာ မဟုတ်ဘူး။ ရေရှည်ပဋိပက္ခကို မဖြေရှင်းဘဲနဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဘယ်သူမှ မခံစားနိုင်ဘူးဆိုတာ ရှင်းပါတယ်” လို့ နာအီးမ်က ပြောသွားတာပါ။
အစ္စရေးဟာ ဂါဇာမှာ ဟားမတ်စ်စစ်တပ်နဲ့ အုပ်ချုပ်မှုအာဏာကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုထားပြီး အရှောင်အတိမ်း ကောင်းလှတဲ့ ခေါင်းဆောင် ယာယျာဆင်ဝါ အပါအဝင် ဟားမတ်စ်တွေဟာ အစ္စရေးရဲ့ ရန်သူတွေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဂါဇာမှာ စစ်ပွဲက ဒုတိယမြောက်နှစ်ထဲ ကျရောက်လာတာနဲ့အတူ အခုခါ မြေပြင်မှာ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြည်သူ့စစ် တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ဘနွန်တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး အီရန်နဲ့လည်း စစ်ပွဲအတိုင်းအတာအထိ ပြင်းထန်လာမယ့် အန္တရာယ်တွေလည်း ရှိနေတာပါ။
တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ အစ္စရေးဓားစာခံတွေ အိမ်ပြန်နိုင်စေဖို့ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း အလုပ်မဖြစ်ဘဲ ရပ်တန့်နေတာကြောင့် အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးက မတည်မငြိမ်ဖြစ်မှုအတွက် အချင်းချင်း အပြစ်တင်နေကြပါတယ်။
ဂါဇာကမ်းမြောင်ဘက်ကို ပဋိပက္ခတွေ ချဲ့ထွင်လာမှုကြောင့် ကြားဝင်ဖျန်ဖြေသူတွေ စိတ်ပျက်ကုန်တာလို့ နာအီးမ်က ပြောကြားခဲ့ပြီး ဆွေးနွေးပွဲပျက်ကွက်မှုအတွက် အစ္စရေးကို ထပ်မံအပြစ်တင်ခဲ့ပါတယ်။
တိုက်ပွဲတွေရပ်တန့်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေလည်း ရှေ့မတိုးနိုင်ဖြစ်နေပြီး တီဟီရန်ဟာ ပြီးခဲ့တဲ့ ၂ ပတ်ကျော်က အစ္စရေးကို ဒုံးကျည်နဲ့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ပြီးနောက်မှာ အစ္စရေးက အီရန်အပေါ် တုံ့ပြန်တိုက်ခိုက်လာမှာကိုလည်း အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
အစ္စရေးဟာ လက်ဘနွန်ရှိ အရပ်သားအဆောက်အအုံတွေမှာ ပုန်းအောင်းနေတဲ့ ဟစ်ဇ်ဘိုလာတွေ ကို ပစ်မှတ်ထားပိုင်ခွင့် ရှိပေမဲ့ အရပ်သားအခြေခံအဆောက်အအုံတွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးတဲ့နည်းလမ်းနဲ့ လုပ်ဆောင်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက အောက်တိုဘာ ၁၆ ရက်မှာ ပြောကြား ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာကလည်း အရပ်ဘက်အိမ်တွေအောက်ကနေ စစ်ဆင်ရေး လုပ်နေတာကို နားလည် ထားပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အရပ်သားနေအိမ်တွေမှာ ထိန်းသိမ်းထားတဲ့ ဒုံးကျည်တွေနဲ့ တခြားစစ်တပ်လက်နက်တွေ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ကို တွေ့ခဲ့ရပါတယ်လို့လည်း မက်သယူး မစ်လာက ပြောဆိုပါတယ်။
လက်ဘနွန်တောင်ပိုင်း နဘာတီယေးမြို့မှာ မြို့တော်ဝန်အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး မြူနီစီပယ်ဌာနချုပ်ကို ဖျက်ဆီးခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာမှာတော့ မစ်လာက ပစ်မှတ်တိကျတဲ့ တိုက်ခိုက်မှုအပေါ် မှတ်ချက်မပေးနိုင်ပေမဲ့ “အရပ်ဘက် အဆောက်အအုံတွေ ပျက်စီးတာကို မမြင်ချင်ပါဘူး” လို့ ပြောပါတယ်။
နဘာတီယေးမြို့မှာ မြူနီစီပယ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက်မှာ စည်ပင်ရုံးချုပ် အဆောက်အအုံတခုလုံး ပြိုကျသွားခဲ့ပါတယ်။
လက်ဘနွန် အိမ်စောင့်၀န်ကြီးချုပ် နာဂျစ်ဘ် မီကာတီက ပြည်နယ်မြို့တော် တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး မြို့တော်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ကယ်ဆယ်ရေး အခြေအနေတွေကို ဆွေးနွေးကြတဲ့ စည်ပင်သာယာရေးကောင်စီ အစည်းအဝေးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးက လူ ထောင်သောင်းချီရှိတဲ့ နဘာတီယေးမြို့ကို ရွှေ့ပြောင်းဖို့ သတိပေးချက်ကို အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ မြို့တော်ဝန် အာမဒ် ကာဟီးလ်က မြို့ကနေ ထွက်ခွာဖို့မရှိကြောင်း ရိုက်တာရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ နဘာတီယေး ဒေသရှိ ဒါဇင်နဲ့ချီတဲ့ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး မြေအောက်ရှိ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးခဲ့ကြောင်းနဲ့ အစ္စရေးရေတပ်ကလည်း မြေပြင်တပ်တွေနဲ့ ပူးပေါင်းပြီး လက်ဘနွန်တောင်ပိုင်းရှိ ဒါဇင်နဲ့ချီတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ ကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံနဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတဲ့ ဒေသတွင်းပဋိပက္ခ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာ ခြင်းကို ဖြေရှင်းရမယ့် နည်းလမ်းတွေဟာ ဂါဇာရှိ မူလအကျပ်အတည်းကို ဖြေရှင်းမှုအပေါ် မူတည် နေတယ်လို့ ဟားမတ်စ်အကြီးတန်းအရာရှိ ဘာဆမ် နာအီးမ်က ရိုက်တာသတင်းဌာနကို အောက်တိုဘာ ၁၆ ရက်က အစ္စတန်ဘူလ်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ မူလပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ မပြီးဆုံးနိုင်ဘူးလို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးမှာ ဟားမတ်စ်တွေဘက်က ပေါင်းစည်းပြီး အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာဟာ မကြာသေးခင်ကပဲ ဖြစ်နိုင်ချေရှိတဲ့ အပစ်အခတ်ရပ်စဲရေး အကြောင်း စတင်ပြောဆိုနေလာပေမဲ့ ဟားမတ်စ်အရာရှိ နာအီးမ်ကတော့ ပိုပြီး ကျယ်ပြန့်တဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလို့ ဆိုပါတယ်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး ရထားတယ်ဆိုရင်တောင် ဒေသတွင်း တည်ငြိမ်မှု ရှိလာမှာ မဟုတ်ဘူး။ ရေရှည်ပဋိပက္ခကို မဖြေရှင်းဘဲနဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဘယ်သူမှ မခံစားနိုင်ဘူးဆိုတာ ရှင်းပါတယ်။”
အစ္စရေးဟာ ဂါဇာမှာ ဟားမတ်စ် စစ်တပ်နဲ့ အုပ်ချုပ်မှုအာဏာကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုထား ပြီး အရှောင်အတိမ်း ကောင်းလှတဲ့ ခေါင်းဆောင် ယာယျာဆင်ဝါ အပါအဝင် ဟားမတ်စ်တွေဟာ အစ္စရေးရဲ့ ရန်သူတွေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဂါဇာမှာ စစ်ပွဲက ဒုတိယမြောက်နှစ်ထဲ ကျရောက်လာတာနဲ့အတူ လက်ရှိ မြေပြင်မှာ အီရန် ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြည်သူ့စစ် တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ဘနွန်တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး အီရန်နဲ့လည်း စစ်ပွဲ အတိုင်းအတာအထိ ပြင်းထန်လာမယ့် အန္တရာယ်တွေလည်း ရှိနေတာပါ။
တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ အစ္စရေး ဓားစာခံတွေ အိမ်ပြန်နိုင်စေဖို့ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း အလုပ်မဖြစ်ဘဲ ရပ်တန့်နေတာကြောင့် အစ္စရေးနဲ့ ဟားမတ်စ် ၂ ဖက်စလုံးက မတည်မငြိမ်ဖြစ်မှုအတွက် အချင်းချင်း အပြစ်တင်နေ ကြပါတယ်။
ဂါဇာကမ်းမြောင်ဘက်ကို ပဋိပက္ခတွေ ချဲ့ထွင်လာမှုကြောင့် ကြားဝင်ဖျန်ဖြေသူတွေ စိတ်ပျက် ကုန်တာလို့ နာအီးမ်က ပြောကြားခဲ့ပြီး ဆွေးနွေးပွဲပျက်ကွက်မှုအတွက် အစ္စရေးကို ထပ်မံ အပြစ်တင်ခဲ့ပါတယ်။
တိုက်ပွဲတွေ ရပ်တန့်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေလည်း ရှေ့မတိုးနိုင် ဖြစ်နေပြီး တီဟီရန်ဟာ ပြီးခဲ့တဲ့ ၂ ပတ်ကျော်က အစ္စရေးကို ဒုံးကျည်နဲ့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ပြီးနောက်မှာ အစ္စရေးက အီရန်အပေါ် တုံ့ပြန်တိုက်ခိုက်လာမှာကိုလည်း အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
Source-Reuters