အင်္ဂလန်ပရိသတ်တွေအတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ နည်းပြသစ် သောမက်စ်တူဟယ်က ပြောသွားပါတယ်။
ဂျာမန်နည်းပြတူဟယ်ဟာ အင်္ဂလန်အသင်းကို ၁၈ လစာချုပ်နဲ့ တာဝန်ယူသွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစတင်ပြီး တရားဝင် တာဝန်ယူသွားမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်း အောင်မြင်မှုရရှိစေဖို့နဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်အောင် စွမ်းဆောင်သွားချင်ပြီး တာဝန်ပေးအပ်ခဲ့တဲ့ အင်္ဂလန်အက်ဖ်အေက တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း တူဟယ်က ပြောပါတယ်။
အင်္ဂလန်အသင်းမှာရှိတဲ့ ပါရမီရှင်ကစားသမားတွေနဲ့အတူ အလုပ်အတူလုပ်သွားရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်းလည်း နည်းပြသစ်တူဟယ်က ပြောသွားပါတယ်။