Home
အားကစား
အင်္ဂလန်နည်းပြရာထူးအတွက် ဂျာမန်နည်းပြတူဟယ်ကို ခန့်အပ်ရန် သဘောတူ 
DVB
·
October 16, 2024
FILE PHOTO: Bundesliga - Bayern Munich v Eintracht Frankfurt

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် သောမက်စ်တူဟယ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိသွားပါတယ်။

အင်္ဂလန်အသင်းကို လက်ရှိအချိန်မှာ ယာယီနည်းပြ လီကာစ်လေက တာဝန်ယူနေပြီး အမြဲတမ်းနည်းပြသစ်အဖြစ် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်နည်းပြဟောင်း တူဟယ်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။

ဂျာမန်နည်းပြဟာ အခုတပတ်အတွင်းမှာ အင်္ဂလန်ကို ရောက်ရှိလာမှာဖြစ်ပြီး အက်ဖ်အေနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုသွားဖို့ ရှိပါတယ်။

တူဟယ်ကိုခေါ်ယူဖို့ မန်ယူအသင်းကလည်း စိတ်ဝင်စားနေချိန်မှာ အင်္ဂလန်အက်ဖ်အေဘက်က လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

နည်းပြတူဟယ်ကို အင်္ဂလန်နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်မယ့်အပေါ် တိုက်စစ်မှူး ဟယ်ရီကိန်းက တူဟယ်နဲ့ ဘိုင်ယန်မှာ တနှစ်ကြာ လက်တွဲဖူးတာကြောင့် ကောင်းမွန်တဲ့ နည်းပြတယောက်ဖြစ်သလို ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တယောက်လည်း ဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

အက်ဖ်အေက တာဝန်ရှိသူတွေအနေနဲ့ တူဟယ်အကြောင်း ပိုသိချင်တယ်ဆိုရင် သူ့ဆီကို ဆက်သွယ်မေးမြန်းလာမှာဖြစ်ကြောင်းလည်း ဟယ်ရီကိန်းက ပြောပါတယ်။

ကိန်းဟာ မနှစ်ကရာသီက ဘိုင်ယန်နဲ့အတူ နည်းပြ တူဟယ်လက်အောက်မှာ စုစုပေါင်း ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

တူဟယ်ကို ခန့်အပ်ဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၂ ခုနှစ်က နည်းပြ ကာပယ်လိုနောက်ပိုင်း အင်္ဂလိပ်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားနည်းပြကို အင်္ဂလန်နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် တာဝန်ပေးမှုဖြစ်လာမှာဖြစ်ပြီး အင်္ဂလန်ဘောလုံး သမိုင်းမှာတော့ ၃ ယောက်မြောက် နိုင်ငံခြားသားနည်းပြ ဖြစ်လာမှာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024