ဖင်လန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကစားသမားတွေရဲ့ တုံ့ပြန်မှုလိုချင်ကြောင်း နည်းပြ လီကာစ်လေက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ဂရိအသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီး ဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။
အဲဒီရှုံးပွဲအပေါ် တုံ့ပြန်မှုတခုအဖြစ် ဖင်လန်နဲ့ ပွဲစဉ်မှာ စွမ်းဆောင်ပြကြဖို့ နည်းပြကာစ်လေက တောင်းဆိုခဲ့တာပါ။
ဂရိအသင်းနဲ့ ပွဲစဉ်မှာ ရှုံးပွဲတွေ့စေခဲ့တာက သူ့ကို နည်းပြကောင်းတယောက် ဖြစ်လာစေမယ်လို့လည်း လီကာစ်လေက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ယူ-၂၁ နည်းပြ ကာစ်လေကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတာ ဖြစ်ပြီး အမြဲတမ်းနည်းပြခန့်အပ်နိုင်ဖို့လည်း ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။
Photo-Reuters