Home
အားကစား
ကာတစ်ဂျုံးစ်နှင့် လီဗရာမန်တို တို့ကို အင်္ဂလန်အသင်း ထပ်မံခေါ်ယူ
DVB
·
October 10, 2024
Photo-Action Images via Reuters

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဒဏ်ရာရရှိနေတဲ့ ကစားသမားတွေကို အိမ်ပြန်လွှတ်ပြီးနောက် လီဗာပူးက ကာတစ်ဂျုံးစ်နဲ့ နယူးကာဆယ်နောက်ခံလူ လီဗရာမန်တို တို့ကို ထပ်မံခေါ်ယူလိုက် ပါတယ်။

မူလက ရွေးချယ်ထားတဲ့ ကစားသမားစာရင်းထဲကနေ ကွင်းလယ်လူ ကိုဘီမိန်နူး၊ မော်ဂန်ဂစ်ဝှိုက် အစရှိတဲ့ ကစားသမားတွေက ဒဏ်ရာပြဿနာတွေကနေ အသီးသီးနုတ်ထွက်ခဲ့ကြတာပါ။

ထပ်မံခေါ်ယူခဲ့တဲ့ ကစားသမား ၂ ယောက်က  အင်္ဂလန် ယူ-၂၁ အသင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ကစားသမားတွေဖြစ်ပြီး နည်းပြလီကာစ်လေက သူ့အသင်းက လူငယ်တွေကို အသင်းကြီးဆီ တွန်းတင်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေအနေနဲ့ ဂရိ၊ ဖင်လန်အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013