အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခွင့်အလမ်းအားလုံးကို လမ်းဖွင့်ထားကြောင်း ပြောသွားပါတယ်။
ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်နေတာပါ။
ဆောက်ဂိတ်ဟာ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တွေမှာ နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာသုံးသပ်သူအဖြစ် တာဝန်ယူဖို့ရှိပါတယ်။
အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်အပြီးမှာ အခွင့်အလမ်းတွေအများကြီးရရှိခဲ့ပြီး အနာဂတ်မှာ ဘောလုံးနည်းပြအလုပ်အပါအဝင် ဘောလုံးပြင်ပက အလုပ်တွေအတွက်လည်း စဉ်းစားသွားမှာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
လက်ရှိအခြေအနေအပေါ် ပျော်ရွှင်ကျေနပ်မှုရှိလို့ အလုပ်သစ်အတွက် အဆောတလျင် ဆုံးဖြတ်သွားဖို့ မရှိကြောင်းနဲ့ လက်ရှိ အင်္ဂလန်အသင်းရဲ့အခြေအနေအပေါ်မှာတော့ မှတ်ချက်မပေးလိုတော့ကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။