အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းလူစာရင်းကနေ ဒဏ်ရာရစီနီယာကစားသမား ၃ ယောက် နုတ်ထွက်သွား ပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားဖို့အတွက် လေ့ကျင့်မှုတွေစတင် ပြုလုပ် နေတာပါ။
အသင်းတည်ရှိရာ စိန့်ဂျော့ပါ့ခ် လေကျင့်ရေးစခန်းကို မန်စီးတီးကစားသမား ဖိုဒမ် ပူးပေါင်းခြင်း မရှိတဲ့အပြင် ချဲလ်ဆီးကစားသမား ကိုးလ်ပါလ်မာနဲ့ ဗီလာတိုက်စစ်မှူး အိုလီ ဝက်ကင်စ်တို့ ဒဏ်ရာ အခြေအနေတွေကြောင့် လူစာရင်းက နုတ်ထွက်ခဲ့တာပါ။
ဖိုဒမ်ဟာ ဖျားနာတဲ့ဝေဒနာကြောင့် မန်စီးတီးရဲ့ပွဲစဉ်တွေမှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့သူပါ။ ပါလ်မာနဲ့ ဝက်ကင်စ်တို့ကတော့ သက်ဆိုင်ရာကလပ်တွေမှာ ပွဲထွက်ကစားခဲ့ပေမဲ့ ဒဏ်ရာ ပြဿနာ တချို့ကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ကြတာပါ။
ယာယီနည်းပြ လီကာစ်လေ အနေနဲ့ အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိတဲ့ကစားသမား ၃ ယောက် နေရာမှာ ကစားသမားသစ် ထပ်ခေါ်မလားဆိုတာ စက်တင်ဘာ ၃ ရက်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Photo-Reuters