Home
အားကစား
အင်္ဂလန်အသင်းကို ယူ-၂၁ နည်းပြ ကာစ်လေက ယာယီနည်းပြအဖြစ် တာဝန်ယူမည်
DVB
·
August 8, 2024
Photo - Lee Smith/Action Images via Reuters

အင်္ဂလန်လက်ရွေးစင်အသင်းကို ယူ-၂၁ နည်းပြ လီကာစ်လေက ယာယီနည်းပြအဖြစ် တာဝန်ယူ သွားမယ်လို့သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကိုရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆောက်ဂိတ်က ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ ရှိပေမဲ့ လာမယ့်လပိုင်းမှာကစားဖို့ရှိတဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ယူ-၂၁ နည်းပြ လီကာစ်လေက ယာယီနည်းပြအဖြစ် တာဝန်ယူသွားဖို့ ရှိပါတယ်။ 

အသက် ၅၀ ရှိ နည်းပြ လီကာစ်လေဟာ အင်္ဂလန် ယူ-၂၁ အသင်းကို ယူရိုချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အက်ဖ်အေရဲ့ ချီးကျူးမှု ရရှိထားတာပါ။

ကာစ်လေဟာ ကစားသမားဘဝက ဒါဘီနဲ့ အဲဗာတန်အသင်းတွေ အပါအဝင် ကလပ်အသင်းတွေမှာ ၁၇ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024