အင်္ဂလန်လက်ရွေးစင်အသင်းကို တာဝန်ယူဖို့ ဆွေးနွေးပြောဆိုတာတွေ မရှိဘူးလို့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းက ဖြေရှင်းခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် တဦးခန့်အပ်ဖို့ ရှာဖွေနေပြီး နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ရေပန်း အစားဆုံးဖြစ်လာခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း အက်ဒီဟောင်းက ဖြေရှင်းခဲ့ပြီး အက်ဖ်အေနဲ့ ဆွေးနွေးမှုတွေလည်း လုံးဝမရှိကြောင်း အတည်ပြု ပါတယ်။
နယူးကာဆယ်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားပြီး ကစားသမားသစ်တွေခေါ်ယူကာ အင်အား ဖြည့်တင်းရမှာဖြစ်တယ်လို့ နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
Photo-Reuters