ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးစီ ပူးပေါင်းယှဉ်ပြိုင်ရတဲ့ သုံးမျိုးစပ်အားကစားနည်း (Mixed Relay Triathlon) မှာ ဘယ်လ်ဂျီယံအသင်းရဲ့ အသက် ၃၅ နှစ်အရွယ် ကစားသမားတဦး ဖျားနာတာကြောင့် ပြိုင်ပွဲကနုတ်ထွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ၃ မျိုးစပ်ပြိုင်ပွဲရဲ့ အမျိုးသမီးပွဲစဉ်မှာ ဆိန်းမြစ်အတွင်း ရေကူးယှဉ်ပြိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းသား ကလယ်မီရှဲ ဖျာနာခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အဆင့် ၃၈ နေရာမှာသာ ပန်းဝင်နိုင်ခဲ့ပေမဲ့ ဒီကစားသမားဟာ အီကိုလိုင်း (Ecoli) ဘက်တီးရီးယားပိုး ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဆိန်းမြစ်ရေရဲ့ အရည်အသွေးကို စမ်းသပ်ပြင်ဆင်ဖို့အတွက် ပွဲစီစဉ်သူတွေက ပြိုင်ပွဲကျင်းပမယ့်အချိန် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဆိန်းမြစ်ထဲမှာ ရေထုညစ်ညမ်းမှုအတိုင်းအတာ မြင့်မားနေတဲ့အချက်နဲ့ ရောဂါကူးစက်နိုင်ခြေကြောင့် နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် ရေကူးခွင့်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်သစ်အာဏာပိုင်တွေဟာ မြစ်ထဲရေကူးနိုင်အောင် အကြီးအကျယ် ရင်းနီးမြှုပ်နှံခဲ့ပြီး ယူရိုငွေ ၁ ဒသမ ၄ ဘီလီယံအထိ ကုန်ကျခဲ့ပါတယ်။
Source-Reuters