အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၆ ခုရရှိခဲ့ဖူးတဲ့ ဗြိတိန်အိုလံပစ် မြင်းစီးအားကစားသမား ဒူဂျာဒင်ဟာ ပြိုင်ပွဲကနေ နုတ်ထွက်သွားပါတယ်။
မြင်းစီးအဖွဲ့ချုပ်က ဒူဂျာဒင်ကို စုံစမ်းစစ်ဆေးနေပြီး သူကိုယ်တိုင်ကလည်း သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့သလို အိုလံပစ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့တာပါ။
ဒူဂျာဒင်ဟာ ကိုယ်ပိုင်မြင်းဇောင်းမှာ မြင်းတကောင်ကို ကြာပွတ်နဲ့ ရက်ရက်စက်စက် ရိုက်နှက် နေတဲ့ ရုပ်သံထွက်ပေါ်ခဲ့ပြီးနောက် မြင်းစီးအဖွဲ့ချုပ်က စုံစမ်းနေတာ ဖြစ်ပါတယ်။
ဒူဂျာဒင်ဟာ အိုလံပစ်ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခုရရှိခဲ့ပြီး စက်ဘီးစီးမယ် လော်ရာကန်နီနဲ့အတူ ဗြိတိန်နိုင်ငံရဲ့ အအောင်မြင်ဆုံးအားကစားမယ်အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
Photo-Reuters