ပီရူးနိုင်ငံအနှံ့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၇ ရက်က သမ္မတ ဒီနာဘိုလွာတေး နုတ်ထွက်ရေးကို ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သမ္မတဟောင်း ပေဒရို ကက်စ်တီလို ဖြုတ်ချ ထိန်းသိမ်းခံရပြီးနောက် သမ္မတသစ် ဒီနာဘိုလွာတေး အာဏာရလာခြင်း ပထမဆုံး နှစ်ပတ်လည်နေ့မှာ ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြသူ မာရုဟာ အင်ကွဲလာက“ဒီနေ့လို ဒီဇင်ဘာ ၇ ရက်မှာ သမ္မတ ပေဒရို ကက်စ်တီလို တဲရိုနာ့စ်ကို ပြန်ပေးဆွဲခဲ့တဲ့ ကွန်ဂရက်မှာ အာဏာရှင်စနစ် ပေါ်လာတယ်။ ဘာတွေပဲဖြစ်ဖြစ် ပေဒရိုကက်စ်တီလိုဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတအဖြစ် ငါးနှစ်ကြာအောင် ရှိနေပါသေး တယ်”လို့ ပြောပါတယ်။
မြို့တော် လီမာရှိ ဆန္ဒပြသူတွေဟာ ဘိုလွာတေးရဲ့ အစိုးရအပေါ် မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့ ကြပြီး သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ရတဲ့ လူပေါင်း ၆၀ ကျော်အတွက် အကျင့်ပျက် ခြစားတဲ့ လူသတ်သမားလို့လည်း ခေါ်ဆိုခဲ့ပါတယ်။
ဘိုလွာတေး သမ္မတ တာဝန်ယူချိန်မှစပြီး သူ့ကို ထောက်ခံမှုနှုန်းဟာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတာပါ။
ဆန္ဒပြပွဲ စီစဉ်သူတွေဟာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ထပ်မံချီတက်ကြဖို့ တောင်းဆို ထားပါတယ်။
တောင်းဆိုချက်တွေထဲမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်က မအောင်မြင်လိုက်တဲ့ အာဏာသိမ်းမှု ကြိုးပမ်းမှုအပြီး ကွန်ဂရက်မှ ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ ပေဒရို ကက်စ်တီလို ပြန်လာရေး လည်း ပါဝင်ခဲ့ပါတယ်။
Source/Photo - Reuters