Home
နိုင်ငံတကာ
ရွေးကောက်ပွဲမဲဆွယ်နိုင်ရန် အယ်လ်ဆာဗေဒိုသမ္မတ ရာထူးက နုတ်ထွက်
DVB
·
December 2, 2023
bukili 2122023

အယ်လ်ဆာဗေဒို ကွန်ဂရက်စ်လွှတ်တော်ဟာ သမ္မတ နာယစ်ဘူကီလီကို လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်နိုင်ဖို့အတွက်  နိုဝင်ဘာလ ၃၀ ရက်  နှောင်းပိုင်းမှာ  သူ့ရာထူးကနေ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် မေ ၃၁ ရက်မှာ ကုန်ဆုံးမယ့် လက်ရှိ သမ္မတ သက်တမ်းကို နိဂုံးချုပ်ပြီး သမ္မတဘူကီလီ ရဲ့ နေရာမှာ အစားထိုးဖို့ လက်ရှိ အမျိုးသားစည်ပင်သာယာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ကလောက်ဒီယာ ရိုဒရီဂွက်ဇ်ကို ရွေးချယ်ကြောင်း ဗဟိုအမေရိကနိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်က ကြေညာခဲ့ပါတယ်။ 

ရိုဒရီဂွက်ဇ်ဟာ ဘူကီလီမိသားစုကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာယစ်ဘူကီလီရဲ့ သမ္မတသက်တမ်း အုပ်ချုပ်မှုအတွင်း မြို့တော် ဆန် ဆာလ်ဗေဒိုး နဲ့ နွီဗို ကုစ်ကာ့တ်လန် စည်ပင်သာယာနယ်မြေမှာ မြို့တော်ဝန်ဖြစ်ခဲ့ပါတယ်။ 

အခု ရက်သတ္တပတ် အစောပိုင်းမှာ ဘူကီလီက မဲဆွယ်စည်းရုံးရေးမှာ သူ့ကိုယ်သူ အပ်နှင်းဖို့ ပျက်ကွက်ခွင့်ကို တရားဝင် တောင်းဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထားပေမယ့် ဘူကီလီနဲ့ သူ့ရဲ့ လက်ရှိ ဒုတိယသမ္မတ ဖှယ်လစ်ခ်စ် ရှူးလွာ တို့ဟာ ဖေဖော်ဝါရီ ၄ ရက် ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေပါတယ်။ 

ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ ဇွန်လ ၁ ရက်နေ့မှာ စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ 

ဝေဖန်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တားမြစ်ချက်ကို ကိုးကားပြီး ဘူကီလီရဲ့ ဒုတိယ သက်တမ်းကို ဆက်တိုက်ရယူနိုင်ဖို့ သူ့စွမ်းရည်ကို မေးခွန်းထုတ်နေချိန်မှာ နိုင်ငံရဲ့ တရားရုံးချုပ်က ၂၀၂၄ မှာ သူ၀င်ပြိုင်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013