အင်္ဂလန်အက်ဖ်အေဟာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကို အင်္ဂလန်လက်ရွေးစင်နည်းပြချုပ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ယူ-၂၁ နည်းပြ လီကာစ်လေကို ယာယီနည်းပြအနေနဲ့ တာဝန်ပေးထားတာပါ။
အမြဲတမ်း နည်းပြခန့်အပ်သွားဖို့ ရှာဖွေနေပေမဲ့ နည်းပြဂွါဒီယိုလာကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
ဒါပေမဲ့ ဂွါဒီယိုလာဟာ အခုနှစ်ရာသီကုန်ဆုံးချိန်ရောက်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အဲဒီမတိုင်ခင်မှာ အင်္ဂလန်နည်းပြရာထူး လက်ခံဖို့မရှိဘူးလို့ သိရပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ ရာသီကုန်ဆုံးချိန်ရောက်မှသာ ဂွါဒီယိုလာကို ခန့်အပ်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ ဘယ်နည်းပြကို တာဝန်ပေးမလဲဆိုတာလဲ စဉ်းစားနေတယ်လို့ သိရပါတယ်။