Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား လောင်စာတင်ယာဉ် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄၇ ဦးထိ မြင့်တက်
DVB
·
October 17, 2024
Photo - Reuters

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ ဂျီဂါဝါပြည်နယ်မှာ အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက လောင်စာဆီတင်ယာဉ်တစ်စင်း တိမ်းမှောက်ပြီး ဖိတ်စဉ်ယိုကျတဲ့ ဓာတ်ဆီတွေပေါက်ကွဲလို့ လူ ၁၄၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ပြည်နယ် အရေးပေါ်ဌာနက ပြောပါတယ်။

ဒီမတော်တဆမှုကြောင့် သေဆုံးသူ ၁၄၇ ယောက်ရှိသွားပြီလို့ ဂျီဂါဝါပြည်နယ် အရေးပေါ် ဝန်ဆောင်မှုဌာနအကြီးအကဲ ဟာရူနာ မိုင်ရီဂါက အတည်ပြုပါတယ်။

ဒီမတော်တဆမှုဟာ အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံမှာ ကျယ်ပြန့်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ၊ လူနေမှုစရိတ်အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မကြာသေးမီက အချိန်တွေအတွင်း အဆိုးရွားဆုံး မတော်တဆမှုတွေထဲကတခု ဖြစ်လာပါတယ်။

လောင်စာဆီတင်ယာဉ်ဟာ ရှေးဟောင်းမြို့တော် ခါနိုကနေ ယိုဘေးပြည်နယ်ကို မောင်းနှင်လာတုန်း မြို့တော် အဘူဂျာမြောက်ဘက် မိုင် ၃၃၀ လောက်အကွာ မာဂျီယာ မြို့နားမှာ ယာဉ်မောင်းက မထိန်းချုပ်နိုင်ဘဲ တိမ်းမှောက်သွားပြီး လောင်စာဆီ ယိုဖိတ်ခဲ့တာလို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လာဝမ်အဒမ်က ပြောပါတယ်။   

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024