မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းရှိ ကန်ဒယ် လားရိယား လိုဟိချာ မြို့ရဲ့ မြို့တော်ဝန် ရိုမန် ရူးဝစ်ဇ် ဘိုအောရ်ကေ့ဇ်ဟာ သူ့ရဲ့နေအိမ် အပြင်ဘက်မှာ တိုက်ခိုက်ခံရပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ကြောင်း ဒေသအာဏာပိုင်တွေက အောက်တိုဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ အောက်တိုဘာလအတွင်း မက္ကဆီကိုမြို့တော်ဝန် နောက်တယောက်ကို ဒုတိယအကြိမ် သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။
ဘိုအောရ်ကေ့ဇ်ကို ဆုံးရှုံးရမှုအတွက် ဒေသခံလူထုက အောက်မေ့မြည်တမ်းကြပြီး သူ့မြို့တော်ဝန်သက်တမ်းအတွင်း မြို့ကို သိသိသာသာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှုတွေကို ချီးကျူးဂုဏ်ပြုကြပါတယ်။
ရာဇဝတ်မှုတွေကို အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးနေပြီး အပြစ်မပေးဘဲ ကျော်သွားမှာ မဟုတ်ကြောင်း ဝါဟာကာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာလိုမွန် ဟာရာ ခရူဇ်က ပြောပါတယ်။
အောက်တိုဘာလ အစောပိုင်းက အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ ဂွါရဲရိုပြည်နယ်ရဲ့ မြို့တော် ချီလ်ပန်စင်ဂိုမှာ မြို့တော်ဝန်ဟာ ရာထူးတက်ပြီး ရက်ပိုင်းအတွင်း အသတ်ခံခဲ့ရပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုထားတဲ့ သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ အရှိန်မြင့်လာနေတဲ့ အကြမ်းဖက်မှုတွေကို အကြမ်းဖက်ရာဇဝတ်မှု တိုက်ဖျက်ဖို့ အထူးရည်ရွယ်တဲ့ လုံခြုံရေးဗျူဟာနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Source-Reuters