Home
နိုင်ငံတကာ
မက္ကဆီကို ချီပန်စင်ဂိုမြို့တော်ဝန် လုပ်ကြံသတ်ဖြတ်ခံရ
DVB
·
October 7, 2024
Photo - REUTERS/Oscar Guerrero

မက္ကဆီကိုနိုင်ငံရဲ့ ဂွါရဲရိုပြည်နယ် ချီပန်စင်ဂိုမြို့ရဲ့ မြို့တော်ဝန်ဟာ အောက်တိုဘာ ၆ ရက်မှာ ရာထူးလက်ခံယူပြီး သီတင်းတပတ်မပြည့်ခင်မှာပဲ အသတ်ခံခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့ပါတယ်။

မက္ကဆီကို အနောက်တောင်ပိုင်းက လူပေါင်း ၂၈၀,၀၀၀ လောက် နေထိုင်တဲ့ ချီပန်စင်ဂိုမြို့ရဲ့  မြို့တော်ဝန်အဖြစ် အလေဟန်ဒရို အားကို့စ်ဟာ ရာထူးလက်ခံယူပြီး ၆ ရက်အကြာမှာ လုပ်ကြံခံခဲ့ရတာပါ။

ပစ်ကပ်ထရပ်ကားရဲ့ ထိပ်မှာ အားကို့စ်ရဲ့ ဦးခေါင်းဖြစ်ပုံရတဲ့ ပိုင်းဖြတ်ထားတဲ့ ဦးခေါင်းကို တင်ထားတဲ့ ဓာတ်ပုံတွေဟာ စာတိုပေးပို့ရေးအက်ပ်ဖြစ်တဲ့ WhatsApp ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တရားဝင်အတည်ပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံတွေ အစစ်ဟုတ်၊ မဟုတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဂွါရဲရိုပြည်နယ် ရှေ့နေချုပ်ရုံးက အားကို့စ်အား သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အားကို့စ် သေဆုံးမှုဟာ မြို့အစိုးရရဲ့ အတွင်းရေးမှူးအသစ် ဖရန်စစ္စကို တာပီယာ ပစ်သတ်ခံရပြီးတဲ့နောက် ၃ ရက်အကြာမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013