ဟေတီနိုင်ငံအနောက်ပိုင်း အာတီဘိုနိုက် စိုက်ပျိုးရေးဒေသရှိ ပွန့်ဆွန်ဒယ်မြို့မှာ ဟေတီနဲ့ ကင်ညာ ရဲအရာရှိတွေဟာ အောက်တိုဘာ ၇ ရက်မှာ နယ်မြေလုံခြုံရေး စစ်ဆင်ရေးတွေကို ဆောင်ရွက်နေပါတယ်။
လူပေါင်း ၇၀ လောက် သေဆုံးခဲ့ရတဲ့ ဂရန်းဂရစ်ဖ်ဂိုဏ်းရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားအပြီးမှာ ပွန့်ဆွန်ဒယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ အရာရှိတွေဟာ နယ်မြေမှာ တရားဥပဒေစိုးမိုးဖို့နဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ နယ်မြေလုံခြုံရေးကို စောင့်ကြည့်ကာ စစ်ဆင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။
အောက်တိုဘာ ၃ ရက်က ပွန့်ဆွန်ဒယ်မြို့မှာ မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၇၀ ထက်မနည်း သေဆုံးပြီး လူပေါင်း ၆၂၇၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများ အေဂျင်စီက ပြောကြားခဲ့ပါတယ်။
နယ်မြေလုံခြုံရေးကို တင်းကျပ်နေတဲ့အချိန်ဖြစ်တာကြောင့် မြို့နေလူထုရဲ့ နေထိုင်မှုဟာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာနေပေမဲ့ ဒေသခံတွေဟာ နောက်ထပ်တိုက်ခိုက်မှုဖြစ်နိုင်ခြေကို ကြောက်ရွံ့နေကြဆဲ ဖြစ်ပါတယ်။
Source-Reuters