Home
နိုင်ငံတကာ
ဟေတီတွင် အကြမ်းဖက်မှုများကြောင့် ပြည်သူများ စိုးရိမ်ပူပန်
DVB
·
October 7, 2024
Photo-Reuters

ဟေတီနိုင်ငံအနောက်ပိုင်း၊ အာတီဘိုနိုက် စိုက်ပျိုးရေးဒေသထဲက ပုံ့စွန်ဒေမြို့မှာ နေသူတွေဟာ မလုံခြုံမှုနဲ့ အကြမ်းဖက်မှုတွေအတွက် စိုးရိမ်ပူပန်တယ်လို့ ပြောခဲ့ပါတယ်။

အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ခြေလွတ်လက်လွတ် ဒါမှမဟုတ် ပစ္စည်းနည်းနည်းယူပြီး ထွက်ပြေးလာခဲ့ရသူတွေဟာ အခင်းဖြစ်ရာ မြို့နားက စိန့်မတ်ခ်မြို့မှာ နေကြရပါတယ်။

သူတို့တွေဟာ အောက်တိုဘာ ၆ ရက်က ပရဟိတအဖွဲ့တွေ ဝေပေးမယ့် စားနပ်ရိက္ခာတွေကို စောင့်မျှော်နေကြရတာပါ။ တိုက်ခိုက်မှုအတွင်း မိသားစုဝင်အများအပြား ဆုံးရှုံးခဲ့တယ်လို့ တချို့က ပြောပါတယ်။

ဒေသခံ ရိုစီလင်းက “ဂိုဏ်းတွေက လူတွေကို သတ်တယ်၊ အိမ်တွေ၊ ကားတွေနဲ့ ရဲစခန်းတွေကို မီးရှို့ကြတယ်” လို့ အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။

ဒီမြို့မှာ အောက်တိုဘာ ၃ ရက်က မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံးပြီး လူပေါင်း ၆,၂၇၀ လောက် သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်ရေးအေဂျင်စီက ပြောပါတယ်။

ရဲတွေနဲ့ ကိုယ်ထူကိုယ်ထ ကင်းစောင့်အဖွဲ့က သူ့စစ်သားတွေကို သတ်နေချိန်မှာ ပြုသမျှနုပြီး ငြိမ်ခံနေတဲ့ အရပ်သားတွေကို လက်တုံ့ပြန်တာလို့ ပြောရင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဂရန် ဂရစ်ဖ်ဂိုဏ်းခေါင်းဆောင် လွတ်ခ်စွန် အယ်လန်က ပြောခဲ့ပါတယ်။

အခုသတ်ဖြတ်မှုတွေဟာ ဟေတီနိုင်ငံထဲမှာ ပိုဆိုးလာတဲ့ ပဋိပက္ခရဲ့ နောက်ဆုံးလက္ခဏာပါ။ လက်နက်ကိုင်ဂိုဏ်းတွေက မြို့တော် ပို့တ်အော် ပရင့်စ်ကို ထိန်းချုပ်ထားရင်း အနီးနားဒေသတွေအထိ ကျယ်ပြန့်လာနေပါတယ်။ ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်ပေါ်စေပြီး လူဦးရေ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024