တရုတ်နိုင်ငံဟာ ထိုင်ဝမ်ဘက်ကို အင်အားအသုံးပြုမှုနဲ့ ပတ်သက်ပြီး ပြန်ရုပ်သိမ်းမယ့် အရေးကို ကတိမပြုခဲ့ဘူးလို့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်တာဝန်ရှိသူတယောက်က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းကိုပတ်ပြီး တရုတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက်မှာ တရုတ်တာဝန်ရှိသူတယောက်က ပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ထိုင်ဝမ်သမ္မတက ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ အမျိုးသားနေ့မှာ ခွဲထွက်ရေးအကြောင်းတွေ ပြောဆိုခဲ့မှုအတွက် တရုတ်က အောက်တိုဘာ ၁၄ ရက်မှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ခွဲထွက်ရေးအတွက် သတိပေးမှုတခုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အရေး ပြောဆိုခွင့်ရှိသူ ချန်ဘင်ဟူအာက“တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ ရိုးသားမှုတွေနဲ့ အစွမ်းကုန် လုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်။ ဒီအတွက် ကျနော်တို့ အင်အားအသုံးပြုမှုကို ဘယ်တော့မှ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဒီရည်ရွယ်ချက်က အပြင်ဘက်ကနေ ဝင်ရောက်စွက်ဖက်မှု ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ခွဲထွက်ဖို့ ဆန္ဒရှိသူအရေအတွက် အနည်းငယ်ပဲ ရှိပါတယ်။ ဒီလို ခွဲထွက်ချင်တဲ့ ဆန္ဒကလည်း ထိုင်ဝမ်အများစုကို ကိုယ်စားမပြုပါဘူး” လို့ ပြောပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်က အောက်တိုဘာ ၁၀ ရက် မိန့်ခွန်းမှာ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ကိုယ်စားမပြုဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့တွဲပြီး ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး၊ စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ကို ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်က ထိုင်ဝမ်ကျွန်းကို စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ရေပြင်ရော ဝေဟင်မှာပါ နေ့တိုင်းနီးပါး ကင်းလှည့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
စစ်သင်္ဘော ၃၄ စင်း၊ လေယာဉ် ၁၂၅ စင်းတို့နဲ့ တနင်္လာနေ့က ထိုင်ဝမ်ကျွန်းမှာ လှည့်ပြီး တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။
Source-Reuters