မြောက်ကိုရီးယားစစ်တပ်ကို အခုသီတင်းပတ်အတွင်း ဝင်ရောက်လာသူတွေ၊ တကျော့ပြန် ဝင်ရောက်လာသူ ကျောင်းသားတွေနဲ့ လူငယ်အဖွဲ့ချုပ်အရာရှိတွေ အပါအဝင် လူငယ် ၁ ဒသမ ၄ သန်းလောက် ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
လူငယ်တွေဟာ ရန်သူကို တော်လှန်လက်နက်နဲ့ ဖျက်ဆီးပစ်တဲ့ မြင့်မြတ်တဲ့စစ်ပွဲမှာ တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ KCNA သတင်းဌာနက ထုတ်ပြန်သွားပါတယ်။
KCNA က ထုတ်ပြန်တဲ့ ရုပ်ငြိမ်ဓာတ်ပုံတွေမှာ စစ်တပ်ထဲကို ဝင်ရောက်ခွင့်အတွက် အသနားခံစာတွေကို လက်မှတ်ရေးထိုးနေကြတဲ့ မြောက်ကိုရီးယား လူငယ်တွေကို ပြသထားကြောင်း ဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန်မှာပဲ ကိုရီးယား ပြည်သူ့တပ်မတော်မှာ စစ်မှုထမ်းဖို့ ၂ ရက်အတွင်း စာရင်းသွင်းကြတဲ့ လူငယ်တသန်းကျော် ရှိတယ်လို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောဆိုထားပါတယ်။
Source-Reuters