Home
နိုင်ငံတကာ
မိုက်ကယ်ဂျက်ဆင်၏ ဂျာကင်အင်္ကျီများကို လေလံတင်ရောင်းမည်
DVB
·
October 15, 2024
Photo - REUTERS/Mina Kim

ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဂျက်ကက်တွေ အပါအဝင် ဂီတပစ္စည်း ၃၅၀ ကျော်ကို  လာမယ့်လမှာ လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ ဂျက််ကက်အင်္ကျီ၊ အိုအေစစ်အဖွဲ့ ဂစ်တာသမား နိုးလ်ဂါလက်ဟာရဲ့ ဂစ်တာ စတဲ့ နာမည်ကျော်တွေရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ Beat It သီချင်းလက်ရေးမူလည်း ဒီလေလံပွဲမှာ ပါဝင်မှာဖြစ်ပြီး အဲဒီသီချင်း ရိုက်ကူးရေးမှာ ဝတ်ဆင်ခဲ့တဲ့ အနီရောင် ဂျက်ကက်အင်္ကျီလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ အမည်းနဲ့ ရွှေရောင်‌ ပါဝင်တဲ့ စစ်ဘက်သုံးပုံစံ ဂျာကင်အင်္ကျီကို ပေါင် ၂ သိန်းကနေ ၄ သိန်းအထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလေလံပွဲမှာ နိုးလ်ဂါလက် ပိုင်ဆိုင်တဲ့ ဂစ်တာ ၁၅ လက်ကိုလည်း ရောင်းချမှာဖြစ်ပါတယ်။

ဒါဟာ ပရော့စတိုးက စုဆောင်းထားတဲ့ အိုအေစစ်အဖွဲ့ရဲ့ ဂစ်တာတွေ အများဆုံးစုဆောင်းမှု လေလံပဲ ဖြစ်ပါတယ်။

အိုအေစစ်အဖွဲ့ စတင်ချိန်က တီးခတ်ခဲ့တဲ့ ဟွန်နာ ဂျေတီ ၆၀ ဂစ်တာကို ပေါင် ၂၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၁၉၆၂ ခုနှစ်က ဂျွန်လင်နွန် အသုံးပြုခဲ့တဲ့ အမ်ပလီဖိုင်ယာကို ပေါင် ၁ သိန်းကနေ ၂ သိန်းအထိ ရရှိမယ်လို့ ခန့်မှန်းထားပြီး Purple Rain အသံသွင်းတုန်းက ပရင့်ရဲ့ Synthesiser ကို ပေါင် ၁ သိန်းအထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပမယ့် လေလံပွဲမှာ ပေါင် ၂ သန်းအထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလေလံပွဲကို ပရော့စတိုးက စီစဉ်တာဖြစ်ပြီး နာမည်ကြီး ဂီတသမားတွေရဲ့ အမှတ်တရပစ္စည်း ၃၅၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။

၄ ရက်ကြာ ကျင်းပမယ့် ဒီလေလံပွဲမှာ ရုပ်ရှင်နဲ့ တီဗွီတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အဝတ်အစားတွေ ပါဝင်မှာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013