ဝေလမင်းသမီး ဒိုင်ယာနာရဲ့ ဖင်ရှင်ဝတ်စုံတွေကို ဇွန် ၂၇ ရက်မှာ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မှာ လေလံတင်သွားမှာဖြစ်တယ်လို့ ဂျူလီယံလေလံအဖွဲ့က ကြေညာပါတယ်။
Princess Diana’s Elegance & A Royal Collection လို့အမည်ပေးထားတဲ့ လေလံပွဲမှာ ဒိုင်ယာနဲ့ တခြား တော်ဝင်မျိုးနွယ်တွေရဲ့ ဖက်ရှင်ပစ္စည်း ၁၅၀ လောက် လေလံတင်သွားမျာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ နာမည်ကျော် ဒီဇိုင်နာ ယာ့ခ် အက်ဇ်ဂူရီက ဖန်တီးပေးထားတဲ့ ဒိုင်ယာနာရဲ့ အနက်နဲ့ အပြာရောထားတဲ့ ညနေခင်းဝတ်စုံဟာ ကမ္ဘာ့စံချိန်တင် ဒေါ်လာ တသန်း ကျော်နဲ့ လေလံအောင်သွားခဲ့ပါတယ်။
အခု တကြိမ်လေလံပွဲဟာ ဒိုင်ယာနာမကွယ်လွန်ခင် ၁၉၉၇ ခုနှစ်က ကျင်းပခဲ့တဲ့ လေလံပွဲ နောက်ပိုင်း အကြီးမားဆုံး ဖြစ်မယ်လို့ဆိုပါတယ်။
ဒီပွဲမှာ ၁၉၈၆ ခုနှစ်က ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့ ကြယ်လေးတွေနဲ့ အလှဆင်ထားတဲ့ အပြာရောင် ကြိုးပြောက် ဂါဝန်ရှည်ကြီးက အဓိက ဖြစ်မယ်လို့ မှန်းထားပါတယ်။
ဒီဇိုင်နာ မာရေးအာဘေ့ဒ်က ဖန်တီးပေးခဲ့တဲ့ ဒီဂါဝန်ရှည်ဟာ ဒေါ်လာ ၂ သိန်းနဲ့ ၄ သိန်း ကြားရမယ်လို့ မှန်းထားပါတယ်။
Source/Photo - Reuters