ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ဟာ ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာဖို့ နီးစပ် လာပါတယ်။
ဘာစီလိုနာနဲ့ ဇာဗီတို့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပြီးနောက် နည်းပြသစ်တဦး ခန့်အပ်သွားဖို့ ဘာစီလိုနာအသင်းက ရှာဖွေနေတာပါ။
နည်းပြဇာဗီက မူလက အသင်းမှာဆက်နေဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် လူသိရှင်ကြားဝေဖန်ခဲ့တာကြောင့် အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ဇာဗီနေရာအတွက် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာပါ။
ဂျာမနီအသင်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဂျပန်အသင်းကို ခြေစမ်းပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် နည်းပြဖလစ်ခ်ကို ရာထူးကနေထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters