Home
နိုင်ငံတကာ
ဧဝရက်တောင်ထိပ် အကြိမ် ၃၀ တက်ပြီး နီပေါတောင်တက်သမား စံချိန်တင်
DVB
·
May 25, 2024
Nepal world 2552024

နီပေါတောင်တက်လမ်းပြ တဦးဟာ ဧဝရက်တောင်ကို အကြိမ် ၃၀ မြောက် တက်ရောက်ပြီး ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။ 

ပုံမှန်အားဖြင့် ဧဝရက်တောင်ထိပ်ကို တက်ဖို့ ရက်အတန်ကြာအချိန်ယူရတဲ့ဖြစ်တဲ့အတွက် အချိန်တို အတွင်းမှာ တောင်ထိပ်ကို အကြိမ်ကြိမ်တက်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ 

အသက် ၅၄ နှစ်အရွယ် ကာမိ ရီတာ ရှာပါဟာ ပုံမှန် အရှေ့တောင်စွန်းလမ်းကြောင်းကနေပဲ အမြင့် ၂၉,၀၃၂ ပေ (၈,၈၄၉ မီတာ) မြင့်တဲ့ ဧဝရက်တောင်ထိပ်ကို တက်ရောက်ခဲ့တာဖြစ်တယ်လို့ နီပေါခရီးသွားလုပ်ငန်းတာဝန်ရှိသူက ပြောပါတယ်။ 

ကာမိ ရီတာဟာ မေ ၁၂ ရက်ကမှ တောင်ထိပ်ကို ၂၉ ကြိမ်မြောက်ရောက်ခဲ့တာဖြစ်ပြီး နောက် ဆယ်ရက်အကြာ ၂၂ ရက်မှာ အကြိမ် ၃၀ မြောက်ထပ်တက်ခဲ့တာဖြစ်ပါတယ်။ 

၂၉ ကြိမ်တက်နိုင်တာကိုကတည်းက ကမ္ဘာ့စံချိန်ဖြစ်ပေမဲ့ ကာမိ ရီတာဟာ သူ့စံချိန် သူထပ်ချိုးခဲ့တာ ဖြစ်ပါတယ်။ 

ဗြိတိန်က တောင်တက်သမား တဦးနဲ့ နီပေါတောင်တက်လမ်းပြတို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ပျောက်ဆုံးသွားတယ်လို့လည်း နီပေါအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

ကာမိရီတာဟာ ၁၉၉၄ မှာ ပထဆုံးအကြိမ် ဧဝရက်တောင်ထိပ်တက်ရောက်နိုင်ခဲ့ပြီး နှစ်စဉ် တက်ရောက်ခဲ့တာလို့ဆိုပါတယ်။ 

အခြေအနေအမျိုးမျိုးကြောင့် အာဏာပိုင်တွေက တောင်တက်ခွင့် ပိတ်ထားခဲ့တဲ့ သုံးနှစ်ကလွဲရင် ကျန်တဲ့နှစ်တိုင်း တောင်ထိပ်ရောက်ခဲ့သူဖြစ်ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024