Home
နိုင်ငံတကာ
ရာဖှာထိုးစစ် ချက်ချင်း ရပ်ရန် ICJ အမိန့်ထုတ်
DVB
·
May 25, 2024

ဂါဇာကမ်းမြောင် ရာဖှာမှာ အစ္စရေးရဲ့ထိုးစစ်ကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က မှာ အမိန့်ထုတ်လိုက်ပါတယ်။ 

“ဇန်နဝါရီ ၂၆ ရက်နဲ့ မတ် ၂၈ ရက်တွေမှာ နောက်ဆုံးစီရင်ချက် ချကတည်းက အခြေအနေက ပိုဆိုးလာတယ်” လို့ တရားရုံးဥက္ကဋ္ဌ တရားသူကြီး နာဝပ်ဆလမ်က The Hague ရှိ ငြိမ်းချမ်းရေး နန်းတော်မှာ ပြောကြားခဲ့ပါတယ်။ 

အခုဆို လူသားချင်း စာနာထောက်ထားမှု အခြေအနေက အတော်ကြီးကို ဆိုးရွားနေပြီ လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အထောက်အထားတွေကို ထိန်းသိမ်းဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အချက်အလက် ရှာဖွေသူတွေနဲ့ စုံစမ်းစစ်ဆေးသူတွေကို အစ္စရေးက ခွင့်ပြုပေးဖို့လည်း တရားရုံးက တောင်းဆို ခဲ့ပါတယ်။ 

အစ္စရေးဟာ တရားရုံးရဲ့အမိန့်ကို ၁ လ အတွင်း အကောင်အထည်ဖော်ရမယ့် ဆောင်ရွက်ချက်တွေ အားလုံးကို တရားရုံးကို အစီရင်ခံစာ တင်သွင်းရမယ် လို့ တရားသူကြီးတွေက ပြောကြားခဲ့ပါတယ်။ 

မေ ၁၀ ရက်က တောင်အာဖရိကနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသရှိ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးသဘောတူစာချုပ်ကို ကျင့်သုံးခြင်းနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် ယာယီအစီအမံတွေ တင်သွင်းခြင်းနဲ့စပ်လျဉ်းပြီး စီရင်ချက်ချဖို့ နိုင်ငံတကာတရားရုံး ICJ ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013