Home
အားကစား
 မာရာဒိုနာ၏ ရွှေဘောလုံးဆုကို ပြင်သစ်တွင် လေလံတင်ရောင်းမည်
DVB
·
May 17, 2024

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အာဂျင်တီးနား ဘောလုံးသူရဲကောင်း ဒီယေဂိုမာရာဒိုနာရဲ့  ရွှေဘောလုံးဆုကြီးကို ပြင်သစ်နိုင်ငံမှာ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဇွန် ၆ ရက်နေ့ လေလံတင်သွားမယ့် သမိုင်းဝင်ရွှေဘောလုံးဆုရဲ့ တန်ကြေးကို အတည်မပြုနိုင်သေးပေမယ့် ဒေါ်လာ သန်းပေါင်းများစွာ ရရှိနိုင်တယ်ဆိုပြီး ရောင်းချ မယ့်ကုမ္ပဏီဘက်က မျှော်မှန်းထားပါတယ်။

ဒါဟာပထမဆုံး လေလံတင်ရောင်းချမယ့် ရွှေဘောလုံးဆုဖြစ်သလို မာရာဒိုနာက အာဂျင်တီးနားအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။

မက္ကဆီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနား အသင်းခေါင်းဆောင် မာရာဒိုနာက ၅ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးနိုင် ခဲ့တဲ့အပြင် ပွဲချိန်အပြည့်မိနစ်တိုင်းမှာပါ ပါဝင်ကစားပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မာရာဒိုနာအတွက် ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုး ၂ ဂိုးစလုံးက မှတ်ကျောက်တင်စရာ ဖြစ်ခဲ့ပါတယ်။

ဘုရားပေးသောလက်  " Hand of God " အဖြစ်တင်စားခဲ့ကြတဲ့ မာရာဒိုနာရဲ့ ပထမသွင်းဂိုးဟာ အင်္ဂလန်ဂိုးသမား ပီတာ ရှီလ်တန်အပေါ်ကျော်ပြီး လက်နဲ့ သွင်းယူခဲ့တာပါ။

အဲ့ဒီနောက်မာရာဒိုနာက အင်္ဂလန်ကစားသမား ၅ ယောက်လောက်ကို လိမ်ခေါက် ကျော်ဖြတ်ရင်း ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့ရာမှာ​တော့ "ရာစုနှစ်ရဲ့အကောင်းဆုံးဂိုး" (Goal of the Century) အဖြစ်သတ်မှတ်ခဲ့ကြပြန်ပါတယ်။

အဲ့ဒီပွဲစဉ်တုန်းက ဂန္ထဝင်ကစားသမားကြီး  မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီနဲ့ ဘောလုံးကိုတော့ လေလံတင်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ 

Source/Photo - Reuter

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013