Home
နိုင်ငံတကာ
ဟယ်ရီပေါ်တာ ပထမဆုံးဝတ္ထုမူရင်း မျက်နှာဖုံးသရုပ်ဖော်ပုံ လေလံတင်မည်
DVB
·
June 23, 2024
Photo - Reuters

ဟယ်ရီပေါ်တာ ပထမဆုံးဝတ္ထု ဖြစ်တဲ့ Harry Potter and the Philosopher's Stone အတွက် မူရင်း မျက်နှာဖုံးသရုပ်ဖော်ပုံကို Sotheby's နယူးယောက် လေလံအဖွဲ့က လေလံတင်သွားမှာ ဖြစ်ပါတယ်။

ဒီသရုပ်ဖော်ပုံကို ရေးဆွဲခဲ့တဲ့ အနုပညာရှင် သောမတ်စ်တေလာဟာ ဂျေကေရိုးလင်းရဲ့ မူရင်း စာမူကို ပထမဆုံး ဖတ်ရှုခွင့်ရခဲ့သူတွေထဲက တဦးဖြစ်ပါတယ်။

ရေးဆေးနဲ့ ခဲတံအနက်သုံးပြီး သရုပ်ဖော်ပုံကို နှစ်ရက်အတွင်း ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မထင်ရှားသေးတဲ့ စာရေးဆရာမ ရိုးလင်းအတွက် အနုပညာကျောင်းဆင်းခါစ သရုပ်ဖော်ပုံရေးတဲ့အလုပ်ရှာနေတဲ့ တေလာ မျက်နှာဖုံးပုံရေးပေးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက လန်ဒန်က ဘလွန်းစ်ဘာရီ ရုံးခန်းတခုမှာ တေလာက အလုပ်လာရှာရင်း နဂါးပုံတွေဘာတွေ ရေးထားတဲ့ ပုံကြမ်းစာရွက်တွေ ရုံးခန်းမှာထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကို ဘလွန်းစ်ဘာရီက ထုတ်ဝေသူတဦးဖြစ်တဲ့ ဘယ်ရီကန်နင်ဟမ်က ကြည့်မိပြီး ရိုးလင်းရဲ့ ဝတ္ထုအတွက် သရုပ်ဖော်ပုံရေးခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီသရုပ်ဖော်ပုံမူရင်းကို ဇွန် ၂၆ ရက်မှာ လေလံတင်တဲ့အခါ ဒေါ်လာ ၄ သိန်းနဲ့ ၆ သိန်းကြားရမယ်လို့ လေလံအဖွဲ့က ခန့်မှန်းထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013